ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ လက်ရှိမှာ ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေနဲ့ နာမည်ကြီးလာခဲ့ပြီးနောက်ပိုင်းမှာ မသိသူမရှိလောက်အောင် ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖြူဖြူထွေးရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည်အားပေးနေရတာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit- Phyu Phyu Htwe's FB

အကနဲ့ပတ်သက်ရင် ဝါသနာပါတဲ့ ဖြူဖြူထွေးက မကြာခဏဆိုသလို အကဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ မြူးကြွတဲ့သီချင်းကောင်းကောင်းလေးတွေနဲ့ ကကွက်ဆန်းတွေကို ဖန်တီးကပြလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာ အားပေးမှုအခိုင်အမာရရှိနေတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက ရိုက်ကူးရေးအားလပ်တဲ့အချိန်လေးမှာ တစ်ယောက်တည်း Tik Tok ကစားခဲ့ပါသေးတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

ဖြူဖြူထွေးက Tik Tok မှာနာမည်ကြီးနေတဲ့ သီချင်းလေးနဲ့ အမိုက်စားကကွက်လေးတွေကို အပီအပြင်ကပြလိုက်တာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်လေးကိုလှုပ်ခါပြီး အားရပါးရဒွန့်ပြထားတဲ့ ဖြူဖြူထွေးကတော့ အကဗီဒီယိုလေးနဲ့ ပရိသတ်တွေကို အချစ်ပိုအောင်ဖမ်းစားလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အကဗီဒီယိုဖိုင်လေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။

Photo & Video Credit- Phyu Phyu Htwe's FB 

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။