သရုပ်ဆောင်ကောင်းမွန်ရုံသာမက အကဘက်မှာပါထူးချွန်သူလေးကတော့ မင်းသမီးချောလေးမေကဗျာဖြစ်ပါတယ်။မင်းသမီးချောလေးမေကဗျာဟာချစ်စရာကောင်းတဲ့သမီးလေးကိုလည်းပိုင်ဆိုင်ထားပြီးအရွယ်တင်နုပျိုနေဆဲဖြစ်တဲ့မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူးနော်။သူမဟာ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပြီး အလုပ်လည်းအင်မတန်ကြိုးစားသူတစ်ယောက်ပါနော်။


Photo Credit-May Kabyar's Facebook
Photo Credit-May Kabyar's Facebook

မင်းသမီးချောလေး မေကဗျာဟာမကြာခဏဆိုသလိုsocial networkတွင်သူမရဲ့တစ်နေ့တာလှုပ်ရှားမှုများကိုတင်ပေးလေ့ရှိပါတယ်။ယခုလည်း သူမရဲ့facebookစာမျက်နှာတွင်အဘဓာတ်နန်းတွင်ဘုရားရှိခိုးပုတီးစိပ်မေတ္တာပို့တဲ့အကြောင်းကိုတင်ပေးလာပါတယ်။မေကဗျာဟာပုပ္ပါးကိုရောက်ရှိနေတာဖြစ်ပြီး မန္တလေးကိုဆက်လက်ထွက်ခွာမှာပဲဖြစ်ပါတယ်နော်။


Photo Credit-May Kabyar's Facebook
Photo Credit-May Kabyar's Facebook

မေကဗျာဟာလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲအခမ်းအနားများတက်ရောက်နေပြီးshowပွဲများလည်းသီဆိုနေတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်းမေကဗျာလေးကိုအချစ်မလျော့ပဲဆက်ချစ်ပေးကြမယ်မလား။အဘဓာတ်နန်းတွင်ဘုရားရှိခိုးပုတီးစိပ်နေတဲ့မေကဗျာရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Kabyar's Facebook
Photo Credit-May Kabyar's Facebook

Source-May Kabyar's Facebook

Photo Credit-May Kabyar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။