၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာရရှိခဲ့သည့် ISPE FC အသင်းအနေဖြင့် ယခုနှစ် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းဖြစ်ပါတယ်။၎င်းတို့အနေဖြင့် မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိထားသော်လည်း မြန်မာလိဂ်ရပ်ဝန်းတွင် အိမ်ဖြည့်အသင်းတစ်သင်းသက်သက် မဟုတ်ကြောင်းကို အလုပ်ဖြင့် သက်သေပြသွားမည်ဟု နည်းပြချုပ် ဦးအောင်နေဝင်းက ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

“ကျွန်တော်တို့အသင်း ခြေစွမ်းကို စောင့်ကြည့်ပေးပါ.. ဝေဖန်ထောက်ပြပေးပါ..အိမ်ဖြည့်အသင်းတစ်သင်း မဟုတ်ဘူးဆိုတာ အလုပ်နဲ့ သက်သေပြသွားပါမယ်” ဟု ဆိုခဲ့ခြင်းဖြစ်ပါတယ်။ISPE FC အသင်းကို ပြီးခဲ့သည့် ရာသီက ကစားသမားအများစုဖြင့်သာ စုဖွဲ့ထားပြီး မူလက ပြည်ပ ကစားသမား ထည့်သွင်းအသုံးပြုရန် စီစဉ်ခဲ့သော်လည်း ပြည်တွင်း ကစားသမားများဖြင့်သာ ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League

မျက်နှာသစ် ISPE အသင်းသည် ယခုနှစ်တွင် အိမ်ကွင်းအဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိကွင်းကိုအသုံးပြုယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်မှာအသင်းမျက်နှာသစ် တစ်သင်းဖြစ်တဲ့ ISPE အသင်းရဲ့ အကြောင်းအရာကိုပရိသတ်တွေအတွက်ပြန်လည်တင်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။