သီချင်းမြူးမြူးလေးတွေနဲ့rapသီချင်းကောင်းလေးတွေကိုပရိတ်သတ်ရင်ထဲရောက်အောင်သီဆိုတတ်သူကတော့အဆိုတော်ဝေလျှံပါ။အဆိုတော်ဝေလျှံဟာသွက်သွက်လက်လက်နဲ့အမြဲပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ဒါ့ပြင်သူဟာသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးဘဝလေးကိုတည်ထောင်ထားပြီး ချစ်စရာကောင်းတဲ့အမြွှာလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတဲ့ဖေဖေတစ်ယောက်ပါနော်။


Photo Credit-Wai Hlian Phyo's Facebook
Photo Credit-Wai Hlian Phyo's Facebook

အဆိုတော်ဝေလျှံဟာမကြာသေးမီက သူ့ရဲ့facebookစာမျက်နှာတွင်မိသားစုလိုက်ကုသိုလ်လုပ်ဖြစ်တဲ့အကြောင်းကို ၂၀၂၀အတွက်မိသားစုပထမဆုံးပြုလုပ်တဲ့ကုသိုလ်ပါသာသနာအကျိုးထပ်တိုးဆောင်ရွက်နိုင်ရပါစေဆိုတဲ့captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။သူတို့မိသားစုလေးဟာကျိုက်ထီးရိုးဘုရားကိုရောက်ရှိနေကြတာပဲဖြစ်ပါတယ်နော်။


Photo Credit-Wai Hlian Phyo's Facebook
Photo Credit-Wai Hlian Phyo's Facebook

ဝေလျှံဟာလတ်တလောတွင်ဇာတ်လမ်းတွဲများကိုလည်းရိုက်ကူးထားပြီးshowပွဲများလည်းသီဆိုနေတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်းဝေလျှံတို့မိသားစုလေးကိုချစ်ခင်အားပေးကြမယ်မလား။မိသားစုလိုက်ကြည်ကြည်နူးနူးကုသိုလ်ပြုလုပ်နေကြတဲ့ဝေလျှံတို့ပုံရိပ်လေးတွေကိုပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wai Hlian Phyo's Facebook
Photo Credit-Wai Hlian Phyo's Facebook

Source-Wai Hlian Phyo's Facebook

Photo Credit-Wai Hlian Phyo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။