ကျရာဇာတ်ရုပ်ကိုသဘာဝကျကျပီပြင်စွာသရုပ်ဆောင်နိုင်သူလေးကတော့အငိုသန်တဲ့မင်းသမီးလေးမိုးပြည့်ပြည့်မောင်ပါ။သူမဟာလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ပွဲအခမ်းအနားများတက်ရာက်နေပြီးshowပွဲများလည်းသီဆိုနေတာပဲဖြစ်ပါတယ်။ဒါ့ပြင်မင်းသမီးချောလေးမိုးပြည့်ပြည့်မောင်ဟာပရဟိတလုပ်ငန်းများလည်းလုပ်ဆောင်နေပြီးပျော်ရွှင်ဖွယ်မိသားစုဘဝလေးကိုလည်းတည်ထောင်ထားတာပါနော်။


Photo Credit-မိုးပြည့်ပြည့်မောင်'s Facebook
Photo Credit-မိုးပြည့်ပြည့်မောင်'s Facebook

မိုးပြည့်ဟာမကြာခဏဆိုသလို သူမရဲ့တစ်နေ့တာလှုပ်ရှားမှုများကိုsocial networkတွင်ပရိတ်သတ်တွေအတွက်တင်ပေးလေ့ရှိပါတယ်။မကြာသေးမီကလည်းသူမရဲ့facebookစာမျက်နှာတွင်ရေဦးမြို့နယ်ပန်းကုန်းကျေးရွာတွင်အောင်ဇဗ္ဗူဆရာတော်ဘုရားကြီး၏ကုသိုလ်တော်စာသင်ကျောင်းဆောင်သစ်လှူဒါန်းမှုအောင်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့တဲ့ပုံရိပ်တွေကိုတင်ပေးလာပါတယ်။မိုးပြည့်ဟာ၎င်းအခမ်းအနားကိုအနုပညာမောင်နှမများနဲ့အတူပျော်ပျော်ပါးပါးတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။


Photo Credit-မိုးပြည့်ပြည့်မောင်'s Facebook
Photo Credit-မိုးပြည့်ပြည့်မောင်'s Facebook

မိုးပြည့်ဟာယခုလတ်တလောတွင်ရုပ်ရှင်ကားကြီးများလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောမိုးပြည့်လေးကိုချစ်ခင်အားပေးကြမယ်မလား။စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်နေတဲ့မိုးပြည့်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-မိုးပြည့်ပြည့်မောင်'s Facebook
Photo Credit-မိုးပြည့်ပြည့်မောင်'s Facebook

Source-မိုးပြည့်ပြည့်မောင်'s Facebook

Photo Credit-မိုးပြည့်ပြည့်မောင်'s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။