အနုပညာလောကမှ အနားယူကာ စီးပွားရေးလုပ်ငန်းတွေကို အောင်မြင်အောင် ကြိုးစားလုပ်ကိုင်နေသူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာပါ။ သူမကိုတော့ ပရိသတ်တွေက ဒါဒါလို့ ချစ်စနိုးနဲ့ခေါ်ကြပြီး ဆယ်စုနှစ်တွေ များစွာတိုင်အောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဒါဟာ တစ်ခေတ်တစ်ခါကလည်း သူမရဲ့ ဖက်ရှင်တွေကို လိုက်ဝတ်ဆင်ရလောက်အောင် နာမည်ကြီးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page

မကြာသေးခင်ကလည်း သူမရဲ့ မွေးနေ့လေးကို ချစ်ရတဲ့ ပရိသတ်များနဲ့အတူ အလှူလေးတစ်ခု ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာတော့ ချစ်ရသူနဲ့အတူ US ကို အလည်အပတ်ရောက်ရှိနေတာပါ။ သူမရဲ့ ခရီးသွားပုံရိပ်တိုင်းကိုလည်း ပရိသတ်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ခရီးသွားပုံရိပ်လေးတွေ တင်ပေးထားတာပါ။ " US trip မှာ ရိုက်သမျှပုံလေးတွေ Album ထဲ လာထည့်မယ်နော်

Casino ထဲမှာ buffet စားပြီး ကမ္ဘောဒီးယား ဘုန်းကြီးကျောင်း ဘုရားကန်တော့ " ဆိုပြီးလည်း ရေးသားထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒါဒါရဲ့ ခရီးသွားပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit - Soe Myat Nandar's Facebook Page 

Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။