ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားရယူထားနိုင်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ပါ။ သူမရဲ့ သရုပ်ဆောင်မှုတွေဟာလည်း တစ်ကားထက် တစ်ကား ပိုပိုပီပြင်လာတာလည်း ဖြစ်ပါတယ်။ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ပိုးက အလုပ်ကြိုးစားပြီး မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

Photo Crd- Poe Kyar Phyu Khin's Instagram
Photo Crd- Poe Kyar Phyu Khin's Instagram
Photo Crd- Poe Kyar Phyu Khin's Instagram

လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုမှာလည်း ပရိသတ်တွေကို ကြည်နူးစေမယ့် သတင်းလေးတစ်ခု ဝေမျှထားတာပါ။

Photo Crd- Poe Kyar Phyu Khin's Instagram
Photo Crd- Poe Kyar Phyu Khin's Instagram
Photo Crd- Poe Kyar Phyu Khin's Instagram

ဒါကတော့ ဒီဇင်ဘာလတစ်လတည်းမှာတင် အနုပညာကြေး သိန်း ၁၈၀ကျော်ရှာဖွေစုဆောင်းနိုင်ခဲ့အတွက် ဂုဏ်ယူပီတိဖြစ်နေတဲ့ သူမရဲ့ ကြည်နူးစရာသတင်းလေးပါ။ ဒီလိုအလုပ်တွေအများကြီးလုပ်ရတာဟာလည်း မိခင်ကို မညီးမညူနဲ့လုပ်ကျွေးပြုစုစောင့်ရှောက်မှုတွေကြောင့်ပါ။ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Crd- Poe Kyar Phyu Khin's Instagram Stories

Photo Crd- Poe Kyar Phyu Khin's Instagram
Photo Crd- Poe Kyar Phyu Khin's Instagram
Photo Crd- Poe Kyar Phyu Khin's Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။