ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ အနုပညာမျိုးရိုးကပေါက်ဖွားလာပြီး အနုပညာဝမ်းစာပြည့်ဝတဲ့သူဖြစ်လို့ အသက်ငယ်ငယ်လေးနဲ့အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးရရှိထားပါသေးတယ်။စိုးပြည့်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အနုပညာလောကမှာအောင်မြင်မှုတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။
စိုးပြည့်လေးက မိဘနှစ်ပါးကိုလုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးဖြစ်ပြီး သူမသွားတဲ့နေရာတိုင်းလိုလိုကို မိဘနှစ်ပါးနဲ့အတူတူသွားနေကြဖြစ်ပါတယ်။စိတ်ထားလေးလည်းဖြူစင်ပြီး ရိုးရှင်းအေးဆေးတဲ့သူဖြစ်လို့ လူချစ်လူခင်ပေါတဲ့ မင်းသမီးတစ်လက်ပါ။လက်တလောမှာဆိုရင်တော့ စိုးပြည့်က တံတာဦးမြို့ကို မိသားစုနဲ့အတူတူရောက်ရှိနေတာဖြစ်ပါတယ်။
စိုးပြည့်တို့မိသားစုက တစ်နှစ်တစ်ခါအလှူပြုလုပ်လေ့ရှိပြီး အခုဆိုရင်လည်း တံတားဦးမြို့၊စကားအင်းတိုးဂိတ်အနီးမှ ဇီးကန်တောရကျောင်းလေးမှာဇီးကန်တောရဆရာတော်ဘုရားကြီး၏ဝါတော်(၂၀)ပြည့်အလှုူအဖြစ်သံဃာတော်အရှင်သူမြတ်များကိုဆွမ်းကပ်..သင်္ကန်းနှင့်ဝတ္ထုငွေတို့လှုူဒါန်းခဲ့တာဖြစ်ပါတယ်။စိုးပြည့်ကတော့ အလှူအဝင်နေ့ကတည်းက တက်တက်ကြွကြွပါဝင်ချက်ပြုတ်ပြီး ပွဲကြီးနေ့မှာလည်း ပီတိဖြစ်နေတဲ့အပြုံးလေးတွေနဲ့ ဧည့်သည်တွေကို ဧည့်ခံနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။
Photo Credit:Soe Pyae Thazin's Facebook
Source:Soe Pyae Thazin's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။