ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေထဲမှာ မိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကလည်း ပြည်သူ့သည်းကျော်လေးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ မိုးကတော့ သူမရဲ့သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုတွေအပြင်ဆွဲဆောင်မှုရှိပြီး အချိုးအစားကျတဲ့ ခန္ဓာကောက်ကြောင်း အလှတရားတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားသူလေးဆိုလည်း မမှားပါဘူး..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အားလုံးရဲ့အချစ်တော်လေး မိုးဟေကိုကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အပြင် သူမရဲ့ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ “ရွာကျော်မိကဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကိုလည်း တက်ရောက်လာခဲ့ပါတယ်..။

“ရွာကျော်မိကဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အခမ်းအနားပွဲလေးကို အဝါရောင်ဖက်ရှင်လေးကို ဆင်မြန်းပြီး မြင်သူတိုင်းကို ငေးမောအချစ်ပိုစေအောင် ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ပွဲတက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ကျော့ရှင်းတဲ့ သူမရဲ့ပင်ကိုယ်အလှတရားတွေအပြင် ချစ်စရာကောင်းလွန်းပြီး ချိုြမိန်တဲ့အပြုံးချိုချိုလေးတွေကလည်း ချစ်ရတဲ့ပရိသတ်တွေကို မချစ်ဘဲမနေနိုင်အောင် ဖမ်းစားထားတာလည်း ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

ဒီကနေ့လေးမှာတော့ အခြားအနုပညာရှင်များနဲ့အတူ ချစ်စရာကောင်းစွာ ပွဲတက်လာခဲ့တဲ့ ချစ်ရတဲ့မိုးရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။