ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ ဟိန်းဝေယံ၊ ညီထွဋ်ခေါင်၊ အလင်းရောင်၊ တိုင်ရွန်၊ အောင်မင်းခန့်၊ ဟိန်းထက်၊ ဆုပန်ထွာ၊ ခြူးလေး၊ မေမီကိုကိုတို့ကတော့ အခုလက်ရှိမှာ မန္တလေးမြို့ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ လူစုံတက်စုံနဲ့ မြင်တွေ့ရတဲ့ ခြူးလေးတို့အနုပညာမောင်နှမတစ်စုက မန္တလေးတိုင်းဒေသကြီး ကံကူကြီးမြွေရှင်တော် နဂါးရုံဘုရား ဆွမ်းလောင်းလှူပွဲနဲ့ စတုဒီသာအလှူပွဲကို လာရောက်ကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Tyron Bejay's FB
Photo Credit-Aung Min Khant's FB

ကုသိုလ်ကောင်းမှုတွေအတူပြုလုပ်ခဲ့ကြတဲ့ ခြူးလေးတို့က အလှူပွဲကြီးမှာ သီချင်းတွေအတူဆိုရင်း ပျော်ရွှင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီအလှူပွဲမှာတော့ မင်းသားချောလေး ညီထွဋ်ခေါင်က နဂါးနီသီချင်းနဲ့ ပွဲလာပရိသတ်တွေကို အားရပါးရသီဆိုဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားချောလေးတွေက မန်းတောင်ရိပ်ခို သီချင်းကိုသီဆိုတဲ့အခါမှာလည်း မင်းသမီးချောလေးတွေဖြစ်တဲ့ ခြူးလေးနဲ့ မေမီကိုကိုတို့က မြန်မာအကလေးနဲ့ တင်ဆက်ကပြခဲ့ကြပါသေးတယ်။

Photo Credit-Su Pan Htwar's FB
Photo Credit-Aung Min Khant's FB
Photo Credit- Alinnyaung Light's FB

အနုပညာမောင်နှမတွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်စွာဆင်နွှဲနေကြတဲ့ မြင်ကွင်းလေးကိုတော့ မင်းသားချောလေး အလင်းရောင်က ဗီဒီယိုလေးရိုက်ပြီး သူ့ရဲ့ My Story မှာ မျှဝေပေးထားတာ ဖြစ်ပါတယ်။ ချစ်ချစ်ခင်ခင်နဲ့ သီချင်းတွေအတူတူသီဆိုရင်း ကနေကြတဲ့ ခြူးလေးတို့အဖွဲ့က တကယ့်ကိုချစ်ဖို့ကောင်းနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အလှူပွဲမှာပါဝင်ဆင်နွှဲခဲ့ကြတဲ့ ခြူးလေးတို့အနုပညာမောင်နှမတစ်စုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Aung Min Khant's FB ,Su Pan Htwar's FB & Tyron Bejay's FB

Video Credit-Alinnyaung Light's FB  

Photo Credit- Alinnyaung Light's FB
Photo Credit- Alinnyaung Light's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။