ပရိသတ်တွေချစ်ရတဲ့ မော်ဒယ်လ်မင်းသမီးချောလေး သန္တာဗိုလ်နဲ့ မော်ဒယ်လ်သရုပ်ဆောင်ကောင်းပြည့်တို့ချစ်သူနှစ်ယောက်ကတော့ ချစ်သူသက်တမ်း(၇)နှစ်ကျော်ကြာတဲ့အထိ တွဲလက်တွေခိုင်မြဲနေပြီး အေးအတူပူအမျှချစ်နေကြတဲ့စုံတွဲလေးပဲဖြစ်ပါတယ်နော်။ချစ်သူနှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် အနုပညာအလုပ်ကိုလည်း အပြည့်အဝနားလည်ပေးကြပါတယ်။

Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook

သန္တာဗိုလ်နဲ့ကောင်းပြည့်တို့ချစ်သူနှစ်ယောက်က ပွဲအခမ်းအနားတွေကိုလည်း စုံတွဲလိုက်အတူတူတက်ရောက်ကြပြီး ကြော်ငြာတွေလည်းအတူတူရိုက်ကူးနေကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်လုံးက လူငယ်တွေလည်းဖြစ်ကြတာကြောင့် ပေါ့ပါးလွတ်လပ်စွာနေထိုင်တတ်ပြီး သူငယ်ချင်းအပေါင်းအသင်းပေါများတဲ့သူတွေပါနော်။

Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook

အခုဆိုရင်တော့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ချစ်သူနှစ်ယောက်က သူငယ်ချင်းတွေနဲ့အတူတူ ဆံတော်ရှင်ကျိုက်ထီးရိုးကို ဘုရားဖူးထွက်သွားတာဖြစ်ပါတယ်။ရည်းစားသက်တမ်း ၇နှစ်ကျော်တဲ့အချိန်မှာ ကောင်းပြည့်နဲ့အတူ ပထမဆုံးဘုရားဖူးသွားတယ်ဆိုပြီး သန္တာဗိုလ်က အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook

Photo Credit:Thandar Bo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။