ပရိသတ်ကြီးရေ အူဝဲရဲ့တူမချောလေးဖြစ်တဲ့ မေတိုးခိုင်ကလည်း တီတီအူဝဲရဲ့ခြေရာကိုလိုက်နင်းပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။မေတိုးခိုင်ရဲ့အလှလေးကလည်း ရိုးရိုးရှင်းရှင်းနဲ့အရမ်းချစ်စရာကောင်းပြီး ကလေးဆန်ဆန်လေးလှပသူပါနော်။အူဝဲကလည်း မေတိုးခိုင်နဲ့ ပွဲအခမ်းအနားတွေကိုအတူတူတက်ရောက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။

Photo Credit:May T Khine's Facebook
Photo Credit:May T Khine's Facebook
Photo Credit:May T Khine's Facebook

အူဝဲရဲ့သားနဲ့သမီးဖြစ်တဲ့ ပြေသုဒြာနဲ့ပြေဓီရ တို့နှစ်ယောက်ကလည်း အဖေနဲ့အမေရဲ့အချောအလှတွေကိုအကုန်ယူထားတာကြောင့် ချစ်မွှေးလေးတွေပါပြီး အရမ်းချစ်စရာကောင်းတဲ့ကလေးလေးတွေဖြစ်ပါတယ်နော်။မေတိုးခိုင်ကတော့ အားလပ်တဲ့အချိန်တိုင်းမှာ ညီမလေးနဲ့မောင်လေးတို့နှစ်ယောက်နဲ့ အတူတူဆော့ကစားပေးပြီး မောင်နှမတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ရယ်မောနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page

ပြေသုဒြာနဲ့ဖိုးဓီ လေးတို့က ပညာရေးလည်းထူးချွန်ကြပြီး ထက်မြက်တဲ့ကလေးလေးတွေဖြစ်လို့ ဒီလောက်အရွယ်ငယ်ငယ်လေးတွေနဲ့အရမ်းတော်ကြပါတယ်နော်။အခုဆိုရင်လည်း ဖိုးဓီလေးတို့မောင်နှမနှစ်ယောက်က မမမေတိုးခိုင်နဲ့အတူ အင်္ဂလိပ်လိုတွေပြောပြီး ရယ်မောပျော်ရွှင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။   

Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page

Photo Credit:Eaindra Kyaw Zin's Page&May T Khine's Facebook

Video Credit:May Toe Khine's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။