ချစ်စရာကောင်းတဲ့ အပြုံးလေးတွေအပြင် ချိုသာလွန်းတဲ့စကားသံလေးတွေနဲ့ပါ ဖမ်းစားနိုင်စွမ်းရှိသူလေးကတော့ မင်းသမီးချော ခြူးလေးပဲ ဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ခြူးလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတဲ့အထိ အောင်မြင်နေတာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းတဲ့ ခြူးလေးကိုတော့ အမာခံအားပေးဝန်းရံနေတဲ့ ပရိသတ်တွေကလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

Photo Credit- Chue Lay's FB
Photo Credit- Chue Lay's FB
Photo Credit- Chue Lay's FB

သရုပ်ဆောင်ကောင်းတဲ့အပြင် Tik Tok ကစားရတာလည်းဝါသနာပါတဲ့ ခြူးလေးက မကြာခဏဆိုသလို ဟာသဗီဒီယိုလေးတွေရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ သွက်လက်တက်ကြွတဲ့ အိုက်တင်လေးတွေနဲ့ သရုပ်ဆောင်ပြတတ်တဲ့ ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပရိသတ်တွေကလည်း သဘောကျအားပေးနေရတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက မင်းသားမြင့်မြတ်ရဲ့ဇာတ်ကားထဲကအသံအတိုင်း ဟန်လုပ်ပြီးသရုပ်ဆောင်ပြလိုက်ပါတယ်။

Photo Credit- Chue Lay's FB
Photo Credit- Chue Lay's FB

ခြူးလေးကတော့ ကလေးတစ်ယောက်ကိုချီပြီး မြင့်မြတ်ရဲ့အသံအတိုင်း အိုက်တင်အပြည့်နဲ့ အပီအပြင်သရုပ်ဆောင်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုနေနေချစ်ဖို့ကောင်းနေတဲ့ ခြူးလေးကတော့ ပရိသတ်တွေအချစ်ပိုသွားလောက်အောင် ချစ်စဖွယ် အမူအရာလေးတွေနဲ့ Tik Tok ကစားပြထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Chue Lay's FB & Tik Tok 

Photo Credit- Chue Lay's FB
Photo Credit- Chue Lay's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။