ပရိသတ်ကြီးရေ.. မိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မိုးဟေကိုကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်လာပြီး “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားတာ ပရိသတ်ကြီးများ အသိပါပဲနော်..။

သရုပ်ဆောင်ကောင်းတဲ့ မိုးကတော့ ချစ်စရာကောင်းတဲ့ စကားပြောဟန်ပန်လေးတွေနဲ့ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးမို့ အားလုံးက ချစ်ခင်ကြတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography

ပရိသတ်အသည်းကျော်လေး မိုးကတော့ သူမချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေမှာ သရုပ်ဆောင်အပြင် ထုတ်လုပ်ရေးကိုလည်း လုပ်ဆောင်နေသလို ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ ဝင်ငွေအရှုံးအမြတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်..။

ထုတ်လုပ်ရေးစလုပ်ကတည်းကနေ အရှုံးအမြတ်ကို ကြိုတွက်ပြီးသားဖြစ်ပြီး ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားသလို ရှေ့သွားနောက်လိုက် ရုပ်ရှင် ဇာတ်ကားက အနုပညာအနေနဲ့ ပရိသတ်တွေကြိုက်ခဲ့ကြပေမယ့်ဝင်ငွေ အနေနဲ့ ရှုံးခဲ့တဲ့အကြောင်းလေးကိုလည်း တည်တည်ငြိမ်ငြိမ်လေး ပြောပြထားပါတယ်နော်..။


Photo Credit - Moe Hay Ko's Facebook
Photo Credit - Li John Photography

“ဇာတ်ကားဝင်ငွေ အရှုံးအမြတ်.. အရှုံးအမြတ်ကို ကြိုတွက်ပြီးသား မြတ်တဲ့အချိန်မှာလည်း ခံနိုင်ရည်ရှိသလို ရှုံးတဲ့အချိန်မှာလည်း ခံနိုင်ရည်ရှိရမယ် ကိုယ်လုပ်တာတွေက ကွက်တိဖြစ်တာရှိသလို လွဲချော်သွားခဲ့တာတွေလည်း ရှိတယ် အဲ့ဒီထဲကမှ အမှားနည်းအောင် ပြင်ယူမယ် ပရိသတ်နဲ့ သဟဇာတဖြစ်အောင် အချိန်အခါပေါ့ အခါက အချိန်အခါတွေ အားလုံးပြောင်းလဲသွားတယ်ပေါ့ ရသစုံတောင် ဒရမ်မာကားဆိုလည်း “ရှေ့သွားနောက်လိုက်” ဇာတ်ကားကို ရိုက်ခဲ့တာပဲ အခုလိုပျော်ရွှင်စရာကားလည်း ရိုက်ခဲ့တာပဲ ရသစုံအောင်တော့ ထုတ်လုပ်ရမှာပဲ အလုပ်လုပ်နေတာဆိုတော့ ရှုံးတာလည်းရှိမယ် မြတ်တာလည်း ရှိမယ် အဲ့တော့ ရှုံးတာကိုလည်း ခံနိုင်ရည်ရှိရမှာပေါ့ အနုပညာကားအနေနဲ့ ပရိတသ်တွေကြိုက်ခဲ့ကြပါတယ် ဝင်ငွေအနေနဲ့ကျတော့ ရှုံးတာပေါ့ ဘယ်အလုပ်မဆို အနုပညာမှမဟုတ်ဘူး အပြင်စီးပွားရေးမှာပဲ ဖြစ်ဖြစ် ဘယ်အလုပ်မှာပဲဖြစ်ဖြစ် အရှုံးနဲ့ အမြတ်နဲ့ကတော့ ဒွန်တွဲနေတယ် ဒါကို ခံနိုင်ရည်ရှိအောင် ကြိုးစားထားပါတယ် ..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ကတော့ အချစ်ကားတွေရော ဒရမ်မာကားတွေရော ရသမျိုးစုံဖြစ်အောင် ဟာသကားလေးတွေပါ ထည့်ရိုက်ဖြစ်ခဲ့တာဖြစ်ပြီး မိုးထုတ်လုပ်ရေးက တင်သမျှကားတိုင်းကို အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်သလို ထပ်ပြီးတော့လည်း ပရိသတ်တွေစိတ်ကျေနပ်မှုရအောင် ကြိုက်မယ့်ကားကောင်းလေးတွေ တင်သွားနိုင်အောင် ကြိုးစားနေတဲ့အကြောင်း ပြောပြထားတဲ့ မိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Moe Hay Ko's Facebook
Photo Credit - Li John Photography

Photo Credit - Li John Photography & Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။