မင်းသမီးချောလေး နော်ဖောအယ်ထား ကတော့ အနုပညာနယ်ပယ်မှာနေရာလေးတစ်ခုကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ သူမကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွေအပြင် ကြော်ငြာတွေထဲမှာလည်းပါဝင်သရုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေး နော်ဖော်အယ်ထားက အနုပညာအလုပ်တွေကိုလည်း အရင်ကထက်ပိုမိုလုပ်ကိုင်လာပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit – Naw Phaw Eh Htar’s Facebook
Photo Credit – Naw Phaw Eh Htar’s Facebook

ယခုတစ်ခါမှာတော့ လေဆိပ်မှာအမှတ်မထင်အဆိုတော်မေဆွိနဲ့ ဆုံတွေ့ရပြီး နှစ်ယောက်အတူပျော်ပျော်ပါးပါး ဓါတ်ပုံလေးတွေအမှတ်တရ ရိုက်ခဲ့တာလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးတွေကိုတော့ မင်းသမီးချောလေးနော်ဖောအယ်ထားက လေဆိပ်မှာ အမှတ်မထင် အန်တီမေဆွိနဲ့ ဆုံခဲ့ရတဲ့အကြောင်းလေးတွေကို "လေဆိပ်မှာ အန်တီမေဆွိ က " သမီး သမီးက သုဒြာမလား ဓါတ်ပုံရိုက်မယ်နော်" ဆိုပြီးလှန်းခေါ်တော့ ကိုယ်နဲနဲတောင် ကြောင်သွားပြီး “ အန်တီရယ် အန်တီ အဲလိုပြောတော့သမီးဘယ်လိုနေရမှန်းတောင်မသိတော့ဘူး ဟီး" ဆိုတော့ 

Photo Credit – Naw Phaw Eh Htar’s Facebook
Photo Credit – Naw Phaw Eh Htar’s Facebook

ကိုယ်ကစပြီးသေချာမနှုတ်ဆက်ရလို့ အားနာသွားတာ မမြင်လိုက်တာလည်းပါ ပါတယ်...."မဟုတ်တာ သမီးရယ်ဆို" ဆိုပြီးဟိုမေးဒီပြောနဲ့" မရဘူး သမီးလည်း ရိုက်မယ်”ဆိုပြီးကိုယ့်ဖုန်းလေးနဲ့ဒီပုံလေးရခဲ့တယ် ကိုယ်တွေငယ်ကတည်းက ကြိုက်ပြီးလေးစားခဲ့ရတဲ့ Legend တစ်ယောက်က ကိုယ့်လို အညတရလေးကို သေချာနှုတ်ဆက်သွားတော့ အားနာနာနဲ့ကြောင်ကြောင်လေး ကျန်ခဲ့တယ် Heee" ဆိုပြီးပြောပြလာခဲ့ပါတယ်။ပရိသတ်ကြီးကလည်း နော်ဖောအယ်ထားလေးနဲ့ အန်တီမေဆွိ တို့ အမှတ်မထင်ဆုံခဲ့ပြီး ပျော်ရွှင်ကြည်နူးစွာနဲ့ အမှတ်တရ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်..။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ လေဆိပ်မှာအမှတ်မထင်ဆုံခဲ့ကြတဲ့ နော်ဖောအယ်ထားနဲ့ အန်တီမေဆွိတို့ရဲ့အမှတ်တရပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Naw Phaw Eh Htar’s Facebook

Source - Naw Phaw Eh Htar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။