ကမ္ဘာအနှံ့မှာရှိတဲ့ ကျွန်းတွေထဲကမှ မီးတောင်ထိပ်ဝကျွန်းဟာလည်း နာမည်ကျော်လူသိများပါတယ်။ အဲ့မီးတောင်ထိပ်ဝကျွန်းကို "Taal Volcano" လို့ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ တည်ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အခြားထူးခြားတဲ့ ကျွန်းတွေရှိသော်လည်း အဲ့ကျွန်းက ပိုပြီး လူသိများ ထင်ရှားတာမလို့ တင်ဆက်ပေးသွားမှာဖြစ်ပါယ်။ အဲ့ကျွန်းကြီးက သက်ရှိ မီးတောင်တစ်ခုရဲ့ အဝမှာ ဖြစ်ထွန်းနေတာကြောင့် မီးတောင်ထိပ်ဝ ကျွန်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။

photo credit pngtree

ဒါ့အပြင် အဲ့မီးတောင်အိုင်တစ်ခုအတွင်းရှိနေတဲ့ လူဇုန်ကျွန်းကိုတော့ တာအယ်လ်ဟု အမည်ပေးထားပြီး ဖိလစ်ပိုင်တို့က ဗာလကန်ဟု ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ တာအယ်လ်ဟာ အကြိမ်ပေါင်း ၃၃ ကြိမ်ပေါက်ခဲ့ဖူးတဲ့ မီးတောင်တစ်ခုလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒုတိယအကြိမ်အများဆုံး ပေါက်ကွဲခဲ့ဖူးတဲ့ သက်ရှိ မီးတောင်တစ်ခုလို့ ဆိုရမှာပါ။ သဘာဝရှုခင်းတွေက လွန်စွာလှပပေမယ့် သက်ရှိ မီးတောင်ဖြစ်နေတာကြောင့် အဝေးကနေသာ ရှုမြင်ခံစားကြတာ ဖြစ်ပါတယ်။

photo credit pngtree

မီးတောင်ရဲ့ ထိပ်ဝတွင် ဇလုံ နှင့် တူသော ချိုင့် ခွက်တစ်ခုရှိကာ အဲ့ချိုင့်ခွက်ထဲမှာ ရေများရှိနေပြီး ထိပ်ဝက ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ်တွင် မီးတောင် ထိပ်ရှိ ရေအိုင်များထဲတွင် အကြီးဆုံးဖြစ်ပါတယ်။ ဒါ့အပြင်ရေအိုင်ရဲ့ အလယ်တွင် သေးငယ်သော ဗာလကန်ကျွန်းက တည်ရှိ နေသဖြင့် ဗာလကန်ပွိုင့်(Valcan Point)ဟုခေါ်ကြပါတယ်။ ဗာလကန်ဟာ ပစိဖိတ် သမုဒ္ဒရာအတွင်း ကျွန်းတစ်ကျွန်းပေါ်ရှိ ကန်တစ်ကန် အတွင်းမှာ ကျွန်းတစ်ကျွန်းအဖြစ် ထင်ရှားလျက်ရှိနေတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။