ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းသမီးခင်ဇာခြည်ကျော်ကတော့ သူမလိုပဲအနုပညာကိုဝါသနာပါကြတဲ့ သားနဲ့သမီးကိုပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။သားကြီးလေး ဘုန်းမင်းနေလဆိုရင် ၂၀၁၈ခုနှစ်အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ရင်းကနေ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းတစ်ခုလုံးကို စိုးမိုးသွားနိုင်ခဲ့ပြီး အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook

ခင်ဇာခြည်ကျော်ရဲ့သမီးငယ်လေးထင်သစ္စာကတော့ ပညာရေးကိုလည်းကြိုးစားဆောင်ရွက်နေတာကြောင့် အနုပညာအလုပ်တွေကိုတော့တစိုက်မက်မက်မလုပ်ကိုင်သေးပေမယ့် မေမေနဲ့အတူပွဲအခမ်းအနားတွေတက်ရောက်ပြီး ကြော်ငြာတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးကိုလည်း အစွမ်းကုန်ပံ့ပိုးပေးပြီး မိခင်မေတ္တာအပြည့်နဲ့လမ်းပြပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။

Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook

ခင်ဇာခြည်ကျော်ကလည်း အခုအရွယ်ထိတိုင်နုငယ်ပျိုမျစ်နေတာကြောင့် သားနဲ့သမီးနဲ့ဆိုရင် မောင်နှမတွေလိုတောင်မှတ်ယူရပါတယ်။သားသမီးတွေနဲ့လည်း မကြာခဏ Tiktok အတူတူကစားကြပြီး အခုဆိုရင်လည်း ခင်ဇာခြည်ကျော်တို့သားအမိသုံးယောက်က အိုင်တင်တစ်ယောက်တစ်မျိုးစီနဲ့ ပျော်ပျော်ပါးပါးTiktokကစားထားကြတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook

Photo Credit:Khinzar Chikyaw Zar's Facebook

Video Credit:Khinzar Chikyaw Zar's Tiktok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။