ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ထူးဆန်းအံ့သြဖွယ် တွားသွား သတ္တဝါလေးတွေအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုသတင်းလေးကို မဖော်ပြသေးခင် အနုပညာရှင်တွေရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု၊ အားကစားသတင်း (E-sports) အပါအဝင်၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ အမြဲတင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို Like and follow လုပ်ထားဖို့ မှာကြားချင်ပါတယ်နော်။

Photo Credit Once A Glance Page

ကဲ ချစ်စရာကောင်းပြီး အံ့သြဖွယ်ကောင်းတဲ့ အကောင်းလေးတွေအကြောင်း ဆက်လိုက်ရအောင်။ အဲ့ကောင်လေးတွေက ပုတ်သင်ညို၊ ကင်းလိပ်လျှော အစရှိတဲ့ မျိုးနွယ်စုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောရမှာပါ။ အများဆုံးတွေ့ရတာကတော့ Madagascar ကျွန်းမှာဖြစ်ပြီး စတင်တွေ့ရှိခဲ့တာကတော့ "George Albert Boulenger" ဆိုသူက ၁၈၈၈ ခုနှစ်မှာ ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ကောင်လေးတွေက သူတို့နေထိုင်ရာ သစ်ပင်၊ သစ်ရွက်ပေါ်လိုက်ပြီး အရောင်ပုံစံ ပြောင်းလဲနိုင်တာ ဖြစ်ပါတယ်။

Photo Credit Once A Glance Page

ဒီသတ္တဝါကောင်လေးတွေရဲ့ အရောင်ပြောင်လဲနိုင်စွမ်းက ဘုရားကပေးတဲ့ လက်ဆောင်လို့ ပြောရလောက်အောင် အံ့သြစရာ ကောင်းလွန်းပါတယ်။ ဒါ့အပြင် သူတို့ကို ရန်မူတိုက်ခိုက်လာမယ့် သားကောင်တွေရဲ့ အန္တရာယ်ကနေ အလွယ်တကူ တိမ်းရှောင် ပုန်းကွယ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြင်လိုက်တာနဲ့ ချက်ချင်း အကောင်လား၊ သစ်ရွက်ခြောက်လားဆိုတာ ခွဲခြားဖို့ ခက်ခဲပါတယ်။ သိပ္ပံအမည်က "Uroplatus phantasticus"လို့ခေါ်ဆို သတ်မှတ်ပြီး "satanic leaf-tailed gecko"၊ "eyelash leaf-tailed gecko"၊ "phantastic leaf-tailed gecko" အစရှိသဖြင့် အကောင်အမျိုးအစား ကွဲပြားခြားနားကြတာ ဖြစ်ပါတယ်။

Source Once A Glance Page

Photo Credit Once A Glance Page

Photo Credit Once A Glance Page
Photo Credit Once A Glance Page
Photo Credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။