မင်းသမီးချောလေး ဆုအိမ့်စံကတော့ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ဆုအိမ်စံက ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးအောင်မြင်နေတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဘိုမရုပ်လေးပမာ ချစ်စရာကောင်းလွန်းတဲ့ ဆုအိမ်စံက ယောက်ျားလေးပရိသတ်တွေအတွက်ရော မိန်းကလေးပရိသတ်တွေအတွက်ပါ အသည်းကျော်လေးတစ်ယောက်ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။

Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook

အခုလက်ရှိမှာတော့ ဆုအိမ်စံက အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေပြီး " Dancing With The Stars" ဆိုတဲ့အကပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ ဆုအိမ်စံက Dancer လင်းထက်နဲ့တွဲဖက်ယှဉ်ပြိုင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိနေတာ ဖြစ်ပါတယ်။ အခုတော့ ဆုအိမ့်စံက စိတ်ရောကိုယ်ပါပင်ပန်းနေပြီး ပျော်အောင်ကြိုးစားနေပေမယ့် ငဲ့ကြည့်မယ့်သူတစ်ယောက်မှမရှိကြောင်း ပရိသတ်တွေကိုရင်ဖွင့်လာခဲ့ပါတယ်။

Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook

ဆုအိမ့်စံက " စိတ်ရောလူရောပင်ပန်းနေပြီ...စိတ်ညစ်စရာတွေအများကြီးရှိခဲ့ပေမယ့်လည်း...အတတ်နိုင်ဆုံးပျော်အောင်နေပြီး အရာအားလုံး တတ်နိုင်သမျှအကောင်းဆုံးကြိုးစားခဲ့သော်လည်း... ကိုယ့်ဘက်ငဲ့ကြည့်သူတယောက်မှမရှိခဲ့ဘူး နောက်ဆုံးတော့သိလိုက်ပါပြီ... ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်အတွက်ကြည့်ပေး ငဲ့ညှာပေးတာဆိုလို့ မေမေနဲ့ဖေဖေပဲရှိတယ်... ကိုယ်ချစ်တဲ့မိဘအတွက်အားတင်းထားပါတယ်."ဆိုတဲ့စာသားလေးတွေနဲ့အတူ ရင်တွင်းခံစားချက်တွေကို ရေးသားမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

Source & Photo Credit-Hsu Eaint San's Facebook 

Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook
Photo Credit-Hsu Eaint San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။