ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ပီရူးနိုင်ငံ နက်ဇ်ကာ ကန္တာရ နယ်မြေအတွင်းမှာ ထူးခြားအံ့သြဖွယ် မြင်တွေ့ရမယ့် နက်ဇ်ကာ မျဉ်းကြောင်းများ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကန္တာရ မြေပြင်ပေါ်မှာ ရေးဆွဲထားတဲ့ အဲ့မျဉ်းကြောင်းတွေဟာ ရှေးဟောင်း မျဉ်းများကို ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။ အဲ့မျဉ်းကြောင်းတွေကို ၁၉၂၇ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က ခေတ်ဟောင်း ယဉ်ကျေးမှုရဲ့ ကြွင်းကျန်သော အထူးခြားဆုံး အမွေအနှစ် ဖြစ်တယ်လို့ ဆိုကြပါတယ်။

photo credit pngtree

မျဉ်းကြောင်းများရဲ့ ပုံသဏ္ဍာန်တွေဟာ ရှုပ်ထွေးသောဒီဇိုင်းအစဉ် တစ်ခုကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ အချို့သော မျဉ်းတန်းများဟာ မိုင်ပေါင်းများစွာ ရှည်လျားသဖြင့် အဆုံးထိတွေ့ရအောင် လေယာဉ်ပေါ်ကနေ ကြည့်ရှုကြရတာ ဖြစ်ပါတယ်။ ရှေးဟောင်း နက်ဇ်ကာ ယဉ်ကျေးမှု ကာလမှာ ရေးဆွဲခဲ့တဲ့ အဲ့မျဉ်းကြောင်းများကို ဘယ်လိုနည်းပညာတွေ အသုံးပြုပြီး ဘာကြောင့်ရေးဆွဲခဲ့သလဲ ဆိုတာကို အခုထိ အဖြေရှာမရသေးပါဘူးနော်...။

photo credit pngtree

မျဉ်းကြောင်းများဟာ အဖြောင့်၊ တြိဂံ နှင့်စပရိန်ပုံ အစရှိသဖြင့် မျိုးစုံကွဲပြားနေပြီး ပင့်ကူ၊ ငှက်ပိတုန်း၊ တောင်အမေရိက ကုလားအုတ် လာမာ နှင့် မျောက် အစရှိတဲ့ တိရိစ္ဆာန်တွေရဲ့ ပုံသဏ္ဍာန်တွေကိုလည်း မြင်တွေ့ရတာ ဖြစ်သောကြောင့် ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေတာပါ။ အရှည်ဆုံးမျဉ်းဟာ ၂၇၀ မီတာရှည်လျားပြီး ၅၀၀ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိပါတယ်။ မျဉ်းများကို အနီရောင် ကျောက်တုံးများ ဖယ်ရှားကာ ဆွဲထားသဖြင့် မြေအောက် အဖြူရောင် မြေလွှာ အနီးမှ ပန်းရောင်များကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree

photo credit pngtree
photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။