photo credit - RNG Twitter

လက်ရှိ Royal Never Give Up အသင်းရဲ့ carry player Monet ရဲ့နာမည်အရင်းကတော့ DU Peng ဖြစ်ပြီး သူဟာတရုတ်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1999 ခုနှစ် 9 လပိုင်း 25 ရက်နေ့ဖြစ်တာကြောင့် Monet ဟာ အခုဆိုရင် အသက် 20 အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

သူ့ရဲ့ signature heros တွေကတော့ Gyrocopter , Juggernaut နဲ့ Ursa တို့ဖြစ်ပြီး ကစားသမား total Earning အနေနဲ့ကတော့ $770,883 ရှိနေပြီပဲဖြစ်ပါတယ်။

Monet Dota 2 pro player ဖြစ်လာတာကတော့ 2015 ခုနှစ်လောက်ထဲကဖြစ်ပြီး 2017 ခုနှစ် 5 လပိုင်း 16 ရက်နေ့မှာ 9k MMR ကိုရောက်ရှိခဲ့တဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

ပထမဆုံးစတင်ကစားခဲ့တဲ့ team ကတော့ FTD club C ဖြစ်ပြီး ၎င်း team မှာ 2015 ခုနှစ် 12 လပိုင်း 7 ရက်နေ့ကနေ 2016 ခုနှစ် 1 လပိုင်း 4 ရက်နေ့ထိကစားခဲ့ပါတယ်။

2016 ခုနှစ် 3 လပိုင်း 25 ရက်နေ့မှာတော့ Monet ဟာ CDEC Avenger ကိုရောက်ရှိခဲ့ပြီး 2016 ခုနှစ် 9 လပိုင်း 17 ရက်နေ့အထိ ၎င်း team မှာကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Monet ဟာ LGD.Forever Young ကိုရောက်ရှိခဲ့ပြီး ၎င်း အသင်းမှာ 2016 ခုနှစ် 9 လပိုင်း 17 ရက်နေ့ကနေ 2018 ခုနှစ် 9 လပိုင်း 13 ရက်နေ့ထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Monet ဟာ Royal Never Give Up အသင်းကိုရောက်ရှိလာခဲ့ပြီး ယနေ့ထက်ထိ ၎င်းအသင်းမှာကစားနေဆဲပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။