MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃း၃၀ အချိန် ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Grand Royal ကွင်းကြီးထဲမှာ ဟံသာဝတီယူနိုက်တက်အသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ ပါတယ်။ အဆိုပါပွဲမှာတော့ ဟံသာဝတီယူနိုက်တက်အသင်း၁-ဝဖြင့်ရခိုင်ယူနိုက်တက်အသင်းကိုအနိုင်ရရှိခဲ့ပါတယ်။
ဟံသာဝတီယူနိုက်တက်အသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ရဲ့ အဆိုပါပွဲစဉ်တွင်းနှစ်သင်းလုံးမှပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီးပထမပိုင်း၄၃မိနစ်တွင် Emekaမှအသင်းတွက်ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ဟံသာ၀တီယူနိုက်အသင်းရခိုင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ကြသည့်ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
တစ်ဖက်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၂ ရက်(ယနေ့)ညနေ သုံးနာရီခွဲက YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရန်ကုန်အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
souce:MNL 's facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။