ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်နေရသူလေးကတော့ ပြည်သူချစ်မင်းသမီးလေး သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်သော်လည်း အမြဲတမ်း နုပျိုလန်းဆန်းလွန်းတာကြောင့်လည်း မိန်းကလေးချင်းတောင် အားကျနေရသူပါ။
သူမရဲ့ အားလပ်ချိန်တစ်ချို့ကိုလည်း သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်ဆုံးလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေ ထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေလည်း မကြာခဏတင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် Live လွှင့်ထားတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာ သူငယ်ချင်းတွေနဲ့အတူ အိန္ဒိယနိုင်ငံ The Patrika Gate ကို အလည်အပတ်ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။ ချစ်သက်ကတော့ ဒီဗီဒီယိုလေးထဲမှာ အဝါရောင်ဖက်ရှင်လေးနဲ့ ထင်ရှားစွာလှပနေတာပါ။ ပရိသတ်တွေအတွက် ချစ်သက်ရဲ့ Live video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Credit - Thet Mon Myint's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။