ဆုပန်ထွာကတော့ အနုပညာလောကမှာ နေရာတစ်ခုရယူထားနိုင်သူလေးပဲ ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာ သဘာဝကျကျသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီး ပန်းရောင်ခြယ်ရဲ့ ချစ်စရာ ဗီဒီယိုလေးကို ကြည့်ပြီး သေဘာတွေကျနေတဲ့ သားလေးရဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။  

photo credit : Supan Htwar 's facebook
photo credit : Supan Htwar 's facebook

သူမကတော့ " 11.1.2020 ကရိုက်ထားတာလေးပါ။ဪ....သူ့ခင်ဗျာ တော်တော်ဖြစ်နေတာ။အသည်းအသန် Crazyဆိုတာ ဒါမျိုးဟ။ ကိုယ်လည်းအနုပညာသမားတွေကို Crazy ဖြစ်ကြတယ်ဆိုတာခုမှသေချာအနီးကပ်မြင်ဖူးတာလေ။သားလေးကအနုပညာသမားတစ်ယောက်ကိုအခုလိုတန်ဖိုးထားတာမြင်ရတော့ ကိုယ်လည်းအနုပညာသမားတစ်ယောက်မို့ ပီတိတွေဖြစ်မိတာအမှန် " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : Supan Htwar 's facebook
photo credit : Supan Htwar 's facebook

သူမကတော့ " Roar Roar Kyaw ကို မမပန်းရောင်ခြယ် အခွေဝယ်ပေးမှပါလေ။2020 , January,17 "ပန်းရောင်ခြယ်" အခွေလေးထွက်မှာမို့ သားအတွက် မာမားပြေးဝယ်ပေးပါ့မယ် သားရယ်။(ပန်းရောင်ခြယ်လေးအတွက် ကြော် ငြာဝင်သည်)အယ်လယ် ရောဂါတက်နေသော Roar Roar Kyawအားရှူစားကြပါကုန်လော့ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Supan Htwar 's facebook 

photo credit : Supan Htwar 's facebook
photo credit : Supan Htwar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။