ပရိသတ်ကြီးရေ.. စိုင်းစိုင်းလို့ဆိုလိုက်တာနဲ့ ဂီတလောကမှာ ကြွေလောက်စရာ အမိုက်စားသီချင်းစာသားတွေနဲ့ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အောင်မြင်စွာ ရပ်တည်နေတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်ကို ပြေးမြင်မိမှာပါနော်..။

သီချင်းစာသားလန်းလန်းလေးတွေအပြင် ပရိသတ်တွေအပေါ်ရိုသေလေးစားပြီး ပရော်ဖက်ရှင်နယ်ပီသတဲ့ အနုပညာစိတ်ဓာတ်တွေကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်အားပေးဝန်းရံကြသလို ယောကျ်ားလေးပရိသတ်တွေကပါ တခဲနက်အားပေးကြတာလည်း ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပရိသတ်တွေရဲ့အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ကတော့ “ဝင်္ကပါလမ်းမများ” ဇာတ်လမ်းတွဲမှာလည်း မင်းသမီးချောလေးခင်ဝင့်ဝါနဲ့အတူ ချစ်သူတွေအဖြစ် တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပြီး ခင်ဝင့်ဝါနဲ့ ရင်းနှီးမှုတွေအကြောင်း ပြောပြလာပါတယ်နော်..။

နိုင်ငံတကာမှာ နိုင်ငံကိုယ်စားပြုသွားပြိုင်ကြတဲ့ Miss တိုင်းကိုအားပေးခဲ့သလို ခေးလေးတစ်ယောက် နိုင်ငံတကာမှာ မြန်မာကိုယ်စားပြု Miss သွားပြိုင်တဲ့အချိန်မှာလည်း အားပေးခဲ့ပြီး သရုပ်ဆောင်တဲ့ပိုင်းမှာတော့ တိုးတက်လာလား မတိုးတက်ဘူးလားတော့မသိဘူး ပိုပြီး ချောလာတာတော့သိတယ် ဆိုပြီး ခေးလေးနဲ့ အမှတ်တရတွေကို ပြောပြထားတာပါ..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အနုပညာအလုပ်တွေအတူလုပ်ဆောင်ခဲ့ကာ “သီချင်းတွေရိုက် ရုပ်ရှင်တွေရိုက်ပြီး အနုပညာအလုပ်တွေတွဲလုပ်ပြီး တောက်လျှောက်တွေ့နေတော့ သိပ်ပြီး မထူးဆန်းလှပါဘူး သရုပ်ဆောင်တာတော့ သူနဲ့ကျွန်တော်နဲ့ မရိုက်ဖြစ်တာ နည်းနည်းကြာပြီ “ချိုမြိန်သောကလဲ့စားချေခြင်း” ဇာတ်ကားရိုက်ပြီး သုံးလေးနှစ်လောက်ရှိပြီဆိုတော့ သရုပ်ဆောင်တာတော့ မသိဘူး ချောတော့ချောလာတယ်ဗျ..” ဆိုပြီး စိုင်းစိုင်းက အရွှန်းဖောက် ပြောပြထားတာပါ..။

“ကိုစိုင်းနဲ့ တူတူတွဲပြီး ဖြေရတာတောင် ရင်တွေတော်တော်တုန်ပါတယ် ကိုစိုင်းရဲ့ပရိသတ်တွေ ဝိုင်းပြောမှာကြောက်တယ်..” ဆိုပြီး ပြောပြထားတဲ့ ခေးလေးနဲ့ စိုင်းစိုင်းတို့ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။