မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့ပြီးနောက်ပိုင်းမှာ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းရဲ့ ဇာတ်ကားတွေနဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေက အပြတ်အသတ်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ နန်းမြတ်ဖြိုးသင်းက ချစ်ခင်ပွန်း၊သားလေးတို့နဲ့အတူ သာယာတဲ့မိသားစုဘဝလေးတစ်ခုကို တည်ထောင်နေတာ ဖြစ်ပါတယ်။

Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB

အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်သာလုပ်ကိုင်နေတဲ့ နန်းမြတ်ဖြိုးသင်းက ပွဲအခမ်းအနားလေးတွေကိုတော့ ဆက်တိုက်တက်ရောက်နေတာ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက ချစ်ရတဲ့သားလေး Jack Jack နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကိုဖြတ်သန်းလာခဲ့တာ အခုဆိုရင်သားလေးက အသက်(၈)လကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။ အခုလည်း နန်းမြတ်က ဖေဖေနဲ့မေမေကိုကပ်ချွဲနေတဲ့ သားလေးရဲ့ ချစ်စရာဗီဒီယိုလေးကို တင်ထားပါတယ်။

Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB
Photo Credit-Nann Myat Phyo Thinn's FB

လမ်းစလျှောက်တတ်နေပြီဖြစ်တဲ့ Jack Jack လေးကတော့ ဖေဖေနဲ့ မေမေရဲ့အသည်းတွေအရည်ပျော်သွားလောက်အောင် ချစ်စရာအမူအရာလေးတွေ လုပ်ပြနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Jack Jack လေးက သူ့ကိုသည်းတုံးလေးလို့ခေါ်နေတဲ့ မေမေ့ကိုမျက်လုံးအဝိုင်းသားလေးနဲ့ ပြန်ကြည့်နေတာလေးကလည်း အူယားစရာကောင်းနေပြန်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းတို့မိသားစုရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Nann Myat Phyo Thinn's FB 

Photo Credit-Nann Myat Phyo Thinn's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။