ယောကျာ်းပီသတဲ့မျက်နှာနဲ့တောင့်တင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသားချောလေးလင်းအောင်ခတ်ပါ။ သူဟာmodelတစ်ယောက်အနေနဲ့ အနုပညာလောကထဲဝင်ရောက်လာပြီး ယခုအချိန်တွင်ရုပ်ရှင်ကားကြီးများပါရိုက်ကူးနေပြီဖြစ်ပါတယ်။ လင်းအောင်ခတ်ဟာ သူငယ်ချင်းတွေနဲ့ပျော်ပျော်နေတတ်သူတစ်ယောက်လည်းဖြစ်ပြီး tik tok videoလေးတွေကိုလည်းရံဖန်ရံခါတင်ပေးတတ်ပါသေးတယ်နော်။


Photo Credit-Lin Aung Khit's Facebook
Photo Credit-Lin Aung Khit's Facebook

မကြာသေးမီက လင်းအောင်ခတ်ဟာသူ့ရဲ့facebookစာမျက်နှာတွင် နေသာသောနေ့တစ်နေ့ဆိုတဲ့captionလေးနဲ့အမိုက်စားပုံလေးတွေတင်ကာနှုတ်ခမ်နီမလေးတွေရဲ့အသည်းကိုခြွေချလိုက်ပြန်ပါတယ်။ သူဟာမျက်မှန်အမည်းလေးကိုတပ်ထားပြီး ရှပ်အကျီၤအကွက်လေးကိုဝတ်ဆင်ကာ gentlemanဆန်ဆန်ချောမောနေတာပဲဖြစ်ပါတယ်။ လင်းအောင်ခတ်တစ်ယောက်ကတော့ဘယ်ချိန်ကြည့်ကြည့်ချောမောနေတာပါပဲနော်။


Photo Credit-Lin Aung Khit's Facebook
Photo Credit-Lin Aung Khit's Facebook

လင်းအောင်ခတ်ဟာ လတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်ကာ ခရီးတွေလည်းဆက်တိုက်ထွက်နေတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရောလင်းအောင်ခတ်ကိုအားပေးကြမယ်မလား။ ယောကျာ်းပီသစွာချောမောနေတဲ့လင်းအောင်ခတ်ရဲ့ ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Lin Aung Khit's Facebook
Photo Credit-Lin Aung Khit's Facebook

Source-Lin Aung Khit's Facebook

Photo Credit-Lin Aung Khit's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။