ပရိသတ်အချစ်တော် မင်းသမီးချောလေး ဝေလာရီကတော့ "နှင်းဆီ" ဇာတ်လမ်းတွဲလေးမှာတင် အားလုံးရဲ့အချစ်တွေကို ခြွေယူနိုင်ခဲ့တာဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ဝေလာရီက သွက်လက်တက်ကြွတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ ပုရိသတွေရဲ့နှလုံးသားကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ဝေလာရီက အခုဆိုရင်ဇာတ်လမ်းတွဲအသစ်လေးတွေ ထပ်မံရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB

ပြီးခဲ့တဲ့ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချောလေး မေဧကရီထူးရဲ့မင်္ဂလာပွဲမှာလည်း ဝေလာရီက သတို့သမီးအရံလေးအဖြစ် ပါဝင်ခဲ့ပါတယ်။ ဝေလာရီက သူမရဲ့အနုပညာညီအစ်မတစ်ယောက်ဖြစ်တဲ့ မေဧကရီထူးရဲ့မင်္ဂလာညစာစားပွဲမှာ ပါရမီဖြည့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဝေလာရီနဲ့အတူ ဘုန်းဆက်သွင်၊ ဟိန်းထက်၊ နေရည်ဝင်းလဲ့၊ ဖြူသန့်ချောတို့ကလည်း သတို့သားအရံ၊ သတို့သမီးအရံလေးတွေအဖြစ် ပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB

အခုလည်း ဝေလာရီက " မနေ့က မင်္ဂလာ သတို့သမီးအရံလေး .. Congratulations Mama May Akarihtoo " ဆိုပြီး မေဧကရီထူးရဲ့မင်္ဂလာပွဲက အမှတ်တရပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။ ရွှေရောင်ဝတ်စုံလေးနဲ့ အရမ်းကိုတောက်ပပြီးလှနေတဲ့ ဝေလာရီကတော့ ပရိသတ်တွေကိုအချစ်ပိုအောင် အပြုံးလေးတွေနဲ့ဖမ်းစားလိုက်တာလည်းဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေဧကရီထူးရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံလေးဖြစ်ခဲ့တဲ့ ဝေလာရီရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Wai Lar Ri's FB 

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။