ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ သက်မွန်မြင့်၊ခင်လေးနွယ်နဲ့ ယုသန္တာတင်တို့ကတော့ အရမ်းခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေပဲဖြစ်ပါတယ်။သက်မွန်တို့သူငယ်ချင်းအဖွဲ့ထဲမှာ တစ်ခြားသူတွေလည်းပါသေးပြီး ဒီဇိုင်နာမပုံ့ကလည်း သက်မွန်တို့နဲ့အရမ်းခင်ပါတယ်နော်။သက်မွန်တို့သူငယ်ချင်းတစ်စုက ခရီးတွေလည်းအတူတူသွားကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့နိုင်ငံပေါင်းစုံကိုလည်ပတ်နေကြတာဖြစ်ပါတယ်။

Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page

ပရိသတ်တွေကလည်း သက်မွန်တို့သူငယ်ချင်းအကုန်လုံးကိုအားပေးချစ်ခင်ကြပြီး သူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။သက်မွန်တို့သူငယ်ချင်းတွေက အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ကြရင်း အေးအတူပူအမျှခင်မင်ရင်းနှီးနေကြတဲ့ အားကျစရာသူငယ်ချင်းကောင်းတွေဖြစ်ပါတယ်နော်။

Photo Cedit:Khin Lay Nwe's Facebook
Photo Cedit:Khin Lay Nwe's Facebook
Photo Cedit:Khin Lay Nwe's Facebook
Photo Cedit:Khin Lay Nwe's Facebook

အခုလတ်တလောမှာလည်း သက်မွန်တို့က အိန္ဒိယကိုရောက်ရှိနေကြပြီး အိန္ဒိယနိုင်ငံရဲ့လည်ပတ်လို့ကောင်းတဲ့နေရာတွေကို စိတ်ကြိုက်လည်ပတ်ပြီးဈေးဝယ်တွေထွက်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း သူငယ်ချင်းတွေက အင်္ကျီလေးတွေဆင်တူဝတ်ထားကြပြီး ပိုစ့်ဆင်တူလေးတွေပေးကာ အရမ်းချစ်ဖို့ကောင်းနေကြတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Cedit:Yu Thandar Tin's Facebook
Photo Cedit:Yu Thandar Tin's Facebook
Photo Cedit:Yu Thandar Tin's Facebook
Photo Cedit:Yu Thandar Tin's Facebook

Photo Credit:Thet Mon Myint&Yu Thandar Tin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။