ချစ်စဖွယ်အပြုံးချိုချိုလေးတွေနဲ့ဖမ်းစားတတ်ပြီး ခန္ဓာကိုယ်ပြည့်ပြည့်တင်းတင်းနဲ့ဆွဲဆောင်မှုရှိသူလေးကတော့ မင်းသမီးချောလေးမအေးသောင်းပါ။ သူမဟာ ကျရာဇာတ်ရုပ်ကိုသဘာဝကျကျပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး အကောင်းဆုံးကြိုးစားတင်ဆက်မှုတွေကြောင့်ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ ဒါ့ပြင်မင်းသမီးချောလေးမအေးသောင်းဟာ tik tok videoလေးများကိုလည်းဆော့လေ့ရှိပြီး သူမရဲ့ဓာတ်ပုံလေးတွေကို captionအလန်းစားလေးတွေနဲ့တင်ပေးလေ့ရှိသူတစ်ယောက်ပါ။
မကြာသေးမီကမအေးသောင်းဟာသူမရဲ့facebookစာမျက်နှာတွင်ရောက်တတ်ရာရာသွားတတ်တိုင်းပျော်ရပေမယ့်ရောက်တတ်ရာရာတွေးမိတိုင်းလည်းလွမ်းရတာပါပဲဆိုတဲ့captionလေးနဲ့ ပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။သူမဟာကချင်မြေကိုရောက်ရှိနေတာဖြစ်ပြီး ရိုးရာဝတ်စုံလေးနဲ့အင်မတန်ကိုကျက်သရေရှိကာလှနေတာပဲဖြစ်ပါတယ်။သာယာကြည်နူးဖွယ်ကောင်းတဲ့ကချင်မြေရဲ့သဘာဝအလှအပတွေကိုခံစားနေရတဲ့အတွက်မအေးသောင်းတစ်ယောက်ကတော့အရမ်းကိုပျော်နေတာပါနော်။
မအေးသောင်းဟာလတ်တလောတွင်ပုဂံမျှော်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုအနုပညာရှင်ပေါင်းများစွာနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောဒီကားကြီးရုံတင်ရင်အားပေးကြမယ်မလား။ကချင်မြေမှာပျော်နေတဲ့မအေးသောင်းရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Source-Aye Thaung's Facebook
Photo Credit-Aye Thaung's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။