ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့သည်းသည်းလှုပ်အချစ်တွေကို အခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်နဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချောလေး ဝတ်မှုံရွှေရည်တို့ကတော့ မပါမဖြစ်ပါပဲနော်..။

အနုပညာနယ်ပယ်အသီးသီးကနေ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ သူတို့နှစ်ယောက်ကတော့ မြန်မာပရိသတ်တွေအပြင် ထိုင်းနိုင်ငံနဲ့ အာရှနိုင်ငံတွေက ပရိသတ်တွေရဲ့တခဲနက်အားပေးဝန်းရံမှုတွေကိုပါ ရရှိသိမ်းပိုက်ထားကြတာလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Li John Photography
Photo Credit - Htet Paing Ye Photography

ပရိသတ်အသည်းကျော်လေးတွေဖြစ်ကြတဲ့ ပိုင်တံခွန်နဲ့ ရွှေကစ်လေးတို့နှစ်ယောက်ကတော့ မကြာခင်မှာလည်း အရမ်းကိုရင်ခုန်ချင်စရာကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရိုမန်တစ်ဆန်ဆန် သရုပ်ဆောင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်နော်..။

တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့အဖြစ် ရိုမန်တစ်အချစ်ဇာတ်လမ်းလေးမှာ အပြတ်အသတ်တွေ Ro ကာ နှစ်ယောက်အတူ လက်တွဲညီညီ သရုပ်ဆောင်သွားမှာမို့ ပရိသတ်တွေအတွက်ကတော့ သတင်းကောင်းလေးပါပဲနော်..။


Photo Credit - Paing Takhon's Facebook
Photo Credit - Paing Takhon's Facebook

မင်းသားချောလေး ပိုင်တံခွန်ကတော့ ကစ်နဲ့အတူ အခုလို Ro မယ့် အချစ်ဇာတ်လမ်းလေးမှာ သရုပ်ဆောင်ရမှာမို့ ပျော်တယ်ဆိုပြီး ပြောပြထားသလို ကစ်ကလည်း သူမရဲ့ ဇာတ်ရုပ်ကာရိုက်တာအတွက် တော်တော်လေးကို စိတ်လှုပ်ရှားနေတယ်ဆိုပြီးတော့လည်း ပြောပြထားကြပါတယ်နော်..။

ကစ်အတွက် ဒီဇာတ်ရုပ်ဟာ အသစ်ဖြစ်ပြီး ဒီတစ်ခါ Roတာက အရင်ဇာတ်ကားတွေမှာ Ro တာနဲ့ မတူဘူး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ ချစ်သူတွေအဖြစ် မြင်တွေ့ရမှာပါဆိုပြီး ပြောပြထားကာ ပိုင်တံခွန်ကလည်း ဒီဇာတ်ကားဟာ သူကိုယ်တိုင်ကြိုးစားပြီးတော့ စနစ်တကျပြင်ဆင်ထားတဲ့ ကားပါဆိုပြီး ပြောပြထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Paing Takhon's Facebook
Photo Credit - Paing Takhon's Facebook

Photo Credit - Htet Paing Ye Photography & Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။