ဘေးနံရံမှာ ပိုးဟပ်နဲ့တခြားအကောင်တွေ တစ်ရွရွပြေးနေတာ အရသာခံကြည့်ပြီး စားနိုင်တယ်ဆိုရင်တော့ အဲဆိုင်ကိုသွားပါလို့်ပဲပြောပါရစေ။

မကြာသေးခင်က Kapong Pang အမည်ရ ထိုင်းအမျိုးသမီးတစ်ယောက်ဟာ သူမစားနေကြ လမ်းဘေးစားသောက်ဆိုင်ရဲ့ပုံကို အင်တာနက်မှာ တင်ပြီးကတည်းက လူတွေတော်တော်များများ ကြက်သီးထဝေဖန်ခဲ့ရပါတယ်။ အကြောင်းကတော့ ဓာတ်ပုံထဲမှာပါတဲ့အတိုင်း စားသောက်တိုင်ဘေးနံရံတွေမှာ တစ်ရွရွပြေးနေတဲ့ ပိုးဟပ်တွေအုပ်လိုက်နဲ့ တခြားအကောင်တွေကြောင့်ပဲဖြစ်ပါတယ်။

သူမပြောကြားချက်အရ ကြွက်တွေကပါ မြေကြီးမှာပြေးနေပြီး အနီးအနားမြောင်းထဲကနေ အုပ်လိုက်ထွက်လာကြတာဖြစ်မယ်လို့ သူမကယူဆပါတယ်။ အဆိုပါဆိုင်မှာ သူမစားနေကြဖြစ်ပြီး ဒီအဖြစ်ဟာ သူမအတွက်ပထမဦးဆုံးကြုံရတာဖြစ်ပြီး အစားအသောက်တွေကတော့ အရသာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။