ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့မင်းသားချောလေး အကယ်ဒမီမြင့်မြတ်ကတော့ သူ့ရဲ့မိသားစုလေးကိုလည်းသာယာနွေးထွေးမှုအပြည့်ပေးပြီး အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။မြင့်မြတ်ကစိတ်သဘောထားလည်းပြည့်ဝပြီး ရိုးရှင်းစွာနေထိုင်တတ်တဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်းသူ့ရဲ့စိတ်ထားလေးကိုချီးကျူးပြီးချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

မြင့်မြတ်ရဲ့တစ်ဦးတည်းသောသားလေးဖြစ်တဲ့ မြတ်သူလေးကလည်း ဖေဖေ့လိုပဲချစ်မွှေးပါတဲ့ကလေးလေးဖြစ်လို့ လူတိုင်းကချစ်ခင်ကြပါတယ်။အခုချိန်မှာဆိုရင် မြတ်သူလေးကတော့ ၁နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီး ဖေဖေနဲ့မေမေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကာ ထူးချွန်ထက်မြက်တဲ့သားလေးဖြစ်လို့ မြင့်မြတ်တို့ဇနီးမောင်နှံက သားကောင်းရတနာလေးကိုရရှိထားတာပါနော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

မြင့်မြတ်ကလည်း ချစ်ဇနီးနဲ့သားလေးကိုအချိန်လုံလောက်စွာပေးပြီးဂရုစိုက်စောင့်ရှောက်ပေးကာ မကြာသေးခင်ကလည်း မိသားစုတွေအတူတူခရီးထွက်ခဲ့ကြပါသေးတယ်။အခုဆိုရင်တော့ မြင့်မြတ်က ပြင်ဦးလွင်ကိုသွားနေပြီး ကားမောင်းနေရင်းနဲ့တောင်သားလေးကိုရင်ခွင်ထဲထည့်ကာ မောင်းနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

Photo Credit:Myat Wai Tun's Facebook

Video Credit:Myat Wai Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။