ပရိသတ်တွေရဲ့အချစ်တွေကို ယနေ့ထိတိုင်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မိုးယုကတော့ တစ်သားမွေးတစ်သွေးလှလို့ခေါ်ဆိုထိုက်ရအောင် နုပျိုလှပနေတာလည်း ဖြစ်ပါတယ်။
သူမရဲ့ သားလေး ကောင်းသိင်္ခမိုးသူကလည်း ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ သားလေးရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း မိုးယုရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို အမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ သားလေးဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုကိုပြည့်ထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။
အခုမှာလည်း သားလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " မာမီ ခိုင်းတာအကုန်လိုက်လုပ် အိုက်တင်ကလည်းချက်ချင်းချိန်းတတ်# လည်ကလည်းလည်ချက်" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အသည်းယားပြီး ချစ်စရာကောင်းတဲ့ သားလေး Austin ရဲ့ Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source- Kaung Theinkha Moe Thu’s Facebook Page
Photo Credit- Moe Yu San’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။