မင်းသမီးချောလေး အေးမြတ်သူကတော့ အောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားခဲ့သူလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့် အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေ ရှိသူပဲ ဖြစ်ပါတယ်။

photo credit : Aye Myat Thu 's facebook
photo credit : Aye Myat Thu 's facebook

သူမကတော့ " အသက်၃၄ နှစ် အသက်၄၀ မှ ဘဝ စတာဆိုတော့ ကျမတို့တွေ ခုချိန်မှာ သင်ယူသင့်တာတွေသင်ယူထားရမယ် အသက် ဆိုတာ ကိန်းဂဏန်းတခု ဖြစ်တာမို့ လက်ရှိအချိန်ကို ကိုယ်စားပြုနေတဲ့ အရွယ်မှာကျမတို့တွေ စိတ်ချမ်းသာနုပျိုအောင် ပြင်ဆင်နေတိုင်ရမယ်ကိုယ်ခန္ဓာကျန်းမာနုပျိုအောင် ခေတ်မီနည်းပညာတွေကို ပိုက်ဆံတွေသုံးပြီး လုပ်ယူလို့ ရပေမယ့်စိတ်ကျန်းမာနုပျိုအောင်တော့ ကိုယ်ကိုတိုင် ပြုမူကျင့်ကြံမှ ရနိုင်မယ်ရှင့် " ဆိုပြီး ပြောထားခဲ့တာပဲ ဖြစ်ပါတယ်။  

photo credit : Aye Myat Thu 's facebook
photo credit : Aye Myat Thu 's facebook
photo credit : Aye Myat Thu 's facebook

သူမကတော့ " လောဘ နည်းအောင် အရှိတရားကိုလက်ခံနိုင်အောင်သဘာဝတရားကို လက်ခံနိုင်အောင် စိတ်ကိုငြိမ်းချမ်းအောင်ထားနိုင်မှကျမတို့ နုပျိုခြင်းအစစ်အမှန် ကိုရှာတွေ့နိုင်မှ မို့ ကျမ ကြိုးစားပြီးနေထိုင်နေပါတယ်လက်ရှိအခြေအနေတခု ကို လက်ခံနိုင်ရင်တော်တော်အဆင်ပြေနေပါပြီရှင်ချစ်ရသူတွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင့် " ဆိုပြီး ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့ပါတယ်။

photo credit : Aye Myat Thu 's facebook
photo credit : Aye Myat Thu 's facebook

source: Aye Myat Thu 's facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။