မြန်မာဆန်ဆန်ကျက်သရေရှိလှတဲ့ မျက်နှာလေးနဲ့ ပရိတ်သတ်အားပေးမှုရရှိထားတဲ့သူလေးကတော့ မင်းသမီးချောလေးပိုးကြာဖြူခင်ပါ။ သူမဟာ Mrtv-4ရုပ်သံဇာတ်လမ်းတွဲများနဲ့ အောင်မြင်ကျော်ကြားလာခဲ့တဲ့ တက်သစ်စမင်းသမီးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ မင်းသမီးချောလေးပိုးကြာဖြူခင်ဟာ လတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီးshowပွဲတွေလည်းလိုက်လံသီဆိုနေတာဖြစ်ပါတယ်။


Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

ဆိုင်းမိုင်လို့လူသိများကြတဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ဟာ သူမရဲ့အနုပညာလှုပ်ရှားမှုပုံရိပ်တွေကိုsocial networkတွင်မကြာခဏတင်ပေးလေ့ရှိပါတယ်။ မကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် Helloသာစည်မြို့ကြီးရေ ဒီနေ့ညသာစည်ထနောင်းကန်မှာ ဖျော်ဖြေဖို့အတွက်လာနေပါပြီနော်ဆိုတဲ့Captionလေးနဲ့ ပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။ ပိုးကြာဖြူခင်ဟာ အဝါရောင်မြန်မာဝတ်စုံလေးကိုဝတ်ဆင်ထားပြီး မခို့တရို့လေးနဲ့ အင်မတန်ကိုကျက်သရေရှိရှိလှနေတာပဲဖြစ်ပါတယ်။


Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

သူမဟာပရိတ်သတ်တွေအတွက်အကောင်းဆုံးကြိုးစားနေလေ့ရှိပြီး သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းမှာပါထူးချွန်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဆိုင်းမိုင်လေးကိုအားပေးကြမယ်မလား။ ကျက်သရေရှိစွာလှနေတဲ့ ဆိုင်းမိုင်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

Source-Poe Kyar Phyu Khin's Facebook

Photo Credit-Poe Kyar Phyu Khin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။