မော်လ်ဒယ်လောကမှ အနုပညာနယ်ပယ်ထဲသို့ အောင်မြင်စွာဝင်ရောက်ခဲ့တဲ့ မင်းသမီးယုသန္တာတင်ကိုသိကြမယ်ထင်ပါတယ်။ သဘာဝကျကျသရုပ်ဆောင်ပီပြင်သူဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်ညီညာတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသီးလေးတစ်ယောက်ဖြစ်ပါတယ်။ ရိုးယဉ်စွာဝတ်ဆင်တက်သူဖြစ်ပြီး စိတ်ထားပွင့်လင်းစွာ သဘောထားကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အခိုင်မာရရှိထားတာဖြစ်ပါတယ်။

Photo Credit : Yu Thandar Tin Facebook
Photo Credit : Yu Thandar Tin Facebook

ယုသန္တာတင်ဟာ မြန်မာဝတ်စုံလေးတွေကို ပွဲလမ်းသဘင်၊ အခမ်းအနားပွဲတွေမှာ အမြဲဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်။ ယုသန္တာတင်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။

Photo Credit : Yu Thandar Tin Facebook
Photo Credit : Yu Thandar Tin Facebook

သူမကတော့လက်ရှိမှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်းဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ဖက်ရှင် အလန်းစားလေးနဲ့ လှရက်လွန်းနေတဲ့ ခရီးသွား အမှတ်တရ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ အခါခါပြန်ကြည့်မိအောင်ကို လှရက်လွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Yu Thandar Tin Facebook
Photo Credit : Yu Thandar Tin Facebook

Source:Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။