ဘယ်ကာရိုက်တာကိုမဆို သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် အနုပညာရှင်အချင်းချင်းကပါ ချီးကျူးရသူကတော့ ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး စိုးမြတ်သူဇာပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်များစွာတိုင်အောင် အနုပညာအလုပ်တွေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြီးစိုးဟာ အနုပညာဘက်တွင် ထူးချွန်ရုံသာမကဘဲ ချစ်ရတဲ့ ညီမလေးတွေနဲ့အတူ " မင်းသမီး " ပိုးထည်ဆိုင်ကိုပါ ဦးစီးဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ 

Photo Credit- Soe Kyi Phyu’s Facebook
Photo Credit- Soe Kyi Phyu’s Facebook
Photo Credit- Soe Kyi Phyu’s Facebook

သူမဟာ မိဘနှစ်ပါးအပေါ်ကို ကျေးဇူးသိတတ်လွန်းတဲ့ သမီးကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မိခင်ဖြစ်သူအတွက် ရွှေနားကပ်လေး လက်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ မကြီးစိုးနဲ့ သူမရဲ့မိခင်ဟာ တစ်ယောက်နဲ့တစ်ယောက် ကျီစယ်လိုက် ရန်ဖြစ်လိုက်နဲ့ ကြည်နူးစရာကောင်းလွန်းတာကြောင့် မြင်ရသူတိုင်းက ကြည်နူးနေရတာပါ။

Photo Credit- Soe Kyi Phyu’s Facebook
Photo Credit- Soe Kyi Phyu’s Facebook
Photo Credit- Soe Kyi Phyu’s Facebook

အခုမှာလည်း မကြီးစိုးရဲ့ မိခင်ဖြစ်သူ အန်တီစိုးကြည်ဖြူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်လေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " သားအမိနှစ်ယောက်,ဘလော့လိုက် ချစ်လိုက်" ဆိုပြီး သမီးကြီးနဲ့ရိုက်ကူးထားတဲ့ ပုံရိပ်လေးတင်ထားတာပါ။ သူမကလည်း ရန်ဖြစ်တိုင်း Facebook မှာဘလော့လိုက် စိတ်ပြေသွားရင် ဘလော့မဖြည်တတ်လို့ သွားဖြည်ခိုင်းလိုက်နဲ့ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- Soe Kyi Phyu’s Facebook

Photo Credit- Soe Kyi Phyu’s Facebook
Photo Credit- Soe Kyi Phyu’s Facebook
Photo Credit- Soe Kyi Phyu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။