ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုတစ်ခဲနက်ရရှိလာတဲ့ မင်းသမီးချောလေးဖြူဖြူထွေးဟာဆိုရင် လက်ရှိမှာလည်းအနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေပြီး ကြော်ငြာတွေလည်းအများအပြားရိုက်ကူးနေရတာဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖွေးဖွေးနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးကိုအတူတူရိုက်ကူးမှာဖြစ်လို့ သူမရဲ့အနုပညာခြေလှမ်းတွေက လတ်တလောမှာအရမ်းစိပ်နေတာဖြစ်ပါတယ်နော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

ဖြူဖြူထွေးရဲ့ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရိုးရှင်းပွင့်လင်းပြီးမာန်မာနမကြီးတာလေးတွေကြောင့် ပရိသတ်တွေက တစ်နေ့တစ်ခြားပိုပိုပြီးအားပေးချစ်ခင်လာကြတာဖြစ်ပါတယ်။ဖြူဖြူထွေးက မိဘနှစ်ပါးကိုလည်းလိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးပြီး တင့်တယ်စွာထားပေးနိုင်အောင်အစွမ်းကုန်ကြိုးစားနေတဲ့ သမီးလိမ္မာလေးဖြစ်လို့ သူမရဲ့မိဘနှစ်ပါးကတော့အမြဲပြုံးပျော်ရွှင်နေရတာပါနော်။

Photo Credit:Phyu Phyu Htwe's Facebook/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

ဖြူဖြူထွေးက လူငယ်ပီပီပျော်ပျော်ရွှင်ရွှင်လည်းနေထိုင်တတ်သလို ရတနာသုံးပါးကိုလည်းဦးထိပ်မှာအမြဲပန်ဆင်ထားတဲ့သူပါနော်။အခုဆိုရင်လည်း ဘုရားစင်ရှေ့မှာ တရားထိုင်၊ပုတီးစိပ်ပြီး ကြည်လင်အေးချမ်းစွာနဲ့ကုသိုလ်ယူနေတာဖြစ်ပါတယ်။အသက်လေးငယ်ပေမယ့် ဘာသာတရားကိုင်းရှိုင်းတတ်တဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

Photo Credit:Phyu Phyu Htwe's Facebook

Video Credit:Phyu Phyu Htwe's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။