TNC Predator အသင်းကတော့ 2019 ခုနှစ် 9 လပိုင်း 13 ရက်နေ့မှာ coach ဖြစ်သူ Heen အသင်းက ထွက်ခွာသွားပြီးနောက်မှာ coach မရှိဘဲနဲ့ ပြိုင်ပွဲတော်တော်များများကို ဝင်ပြိုင်လာခဲ့တာပဲဖြစ်ပါတယ်။
2019-2020 DPC season ရဲ့ ပထမဆုံး major ဖြစ်တဲ့ MDL Chengdu Major မှာတော့ TNC Predator အသင်းဟာ coach မရှိဘဲနဲ့လည်း အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး champion ဆုကြီးကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
DPC Season ရဲ့ second major ဖြစ်တဲ့ DreamLeague Season 13 စတင်ဖို့ရက်ပိုင်းအလိုမှာတော့ TNC Predator အသင်းဟာ သူတို့အနေနဲ့ Febby ကို coach အနေနဲ့ ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Coach မရှိသေးခင်အချိန်ကတောင် တော်တော်လေးကောင်းတဲ့ TNC Predator အနေနဲ့ Febby ကို coach အဖြစ်ခေါ်ယူခဲ့ပြီဆိုတော့ လာမယ့် DreamLeague Season 13 မှာ ဘယ်လိုတွေကစားပြဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
TNC Predator အသင်းရဲ့ လက်ရှိ roster ကတော့
Po 1 – Gabbi
Po 2 – Armel
Po 3 – kpii
Po 4 – Tims
Po 5 – March
Coach – Febby တို့ပဲဖြစ်ပါတယ်။
source - TNC Predator Twitter
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။