မင်းသားချောလေး ဟိန်းဝေယံကတော့ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နဲ့ ရုပ်ရည်လေးကလည်း ချောမောခန့်ညားတာကြောင့် ပျိုမဒီတွေဝိုင်းဝိုင်းလည်အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။ တစ်ချိန်ကဗီဒီယိုဇာတ်ကားပေါင်း မြောက်များစွာကို ရိုက်ကူးခဲ့တဲ့ ဟိန်းဝေယံက ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်အထိလည်း ဟိန်းဝေယံက သူချစ်တဲ့ အနုပညာအလုပ်တွေကို ဆက်လုပ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Heinn Wai Yan's FB

လက်ရှိမှာတော့ ဟိန်းဝေယံက ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ စိုးပြည့်သဇင်နဲ့အတူတွဲဖက်ပြီး ရိုက်ကူးရေးတစ်ခု ပြုလုပ်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က "နှလုံးသားဒိုင်ယာရီ"ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့နှစ်ယောက်ကတော့ အချိန်အတော်ကြာအောင် အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုရရှိနေတဲ့ အနုပညာမောင်နှမတွေဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit-Heinn Wai Yan's FB
Photo Credit-Heinn Wai Yan's FB
Photo Credit-Heinn Wai Yan's FB

အခုဆိုရင်လည်း ဟိန်းဝေယံက စိုးပြည့်သဇင်နဲ့အတူ ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ အတွဲညီညီနဲ့ နှစ်ယောက်အတူတူသရုပ်ဆောင်နေတဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်တို့နှစ်ယောက်ရဲ့ပုံလေးတွေကလည်း ပရိသတ်တွေကိုအချစ်ပိုစေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ဟိန်းဝေယံနဲ့ မင်းသမီးချော စိုးပြည့်သဇင်တို့ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Heinn Wai Yan's FB & Soe Pyae Thazin's FB 

Photo Credit-Heinn Wai Yan's FB
Photo Credit-Soe Pyae Thazin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။