ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖွေးဖွေးကတော့ အနုပညာနယ်ပယ်ထဲမှာ လျှောက်လှမ်းလာခဲ့တာ ဆယ်စုနှစ်မကရှိနေပါပြီနော်။ဟိုးအရင်ဗီဒီယိုလောကကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားကိုရိုက်ကူးခဲ့ပြီး သေးသေးသွယ်သွယ်လေးနဲ့ ကိုရီးယားမင်းသမီးလေးလိုချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေကစတင်သတိထားမိလာပြီးအားပေးချစ်ခင်လာကြတာဖြစ်ပါတယ်။

Photo Credit:Mar Yin Yin's Facebook
Photo Credit:Mar Yin Yin's Facebook
Photo Credit:Mar Yin Yin's Facebook

ယခုချိန်မှာဆိုရင်တော့ ဖွေးဖွေးဟာဆိုရင် မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေပြီး သူမကိုချစ်ခင်တဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဖွေးဖွေးရဲ့အနုပညာအရည်အသွေးတွေကိုလည်း ပရိသတ်တွေကချီးကျူးကြပြီး လက်ခံအားပေးနေကြတာပါနော်။ဖွေးဖွေးကတော့ အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်သလို သူငယ်ချင်း၊မိတ်ဆွေတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Mar Yin Yin's Facebook
Photo Credit:Mar Yin Yin's Facebook
Photo Credit:Mar Yin Yin's Facebook
Photo Credit:Mar Yin Yin's Facebook

ဖွေးဖွေးက သူမရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ စာရေးဆရာမမာရင်ရင်နဲ့အတူ မကြာခဏအပြင်လျှောက်လည်ပြီး မုန့်တွေအတူတူစားကာဈေးဝယ်ထွက်ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖွေးဖွေးက သူငယ်ချင်းနဲ့အတူ စားကောင်းသောက်ဖွယ်တွေကို အားရပါးရစားနေပြီး အရုပ်တွေလိုက်ဝယ်နေတဲ့ ဖွေးဖွေးတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Mar Yin Yin's Facebook
Photo Credit:Mar Yin Yin's Facebook
Photo Credit:Mar Yin Yin's Facebook

Photo Credit:Mar Yin Yin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။