လူငယ်ကြိုက် Rap သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုသူကတော့ အဆိုတော် G-Fatt ပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေတိုင်းဟာလည်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာပါ။ ဒါ့အပြင် အသည်းကွဲသီချင်းလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ပျံ့လွင့်နေဆဲပဲ ဖြစ်ပါတယ်။ 

Photo Credit - G-Fatt’s Facebook
Photo Credit - G-Fatt’s Facebook
Photo Credit - G-Fatt’s Facebook

မကြာသေးခင်ကလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို မန္တလေးမြို့တွင် ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သီချင်းအသစ်တွေထွက်ရှိနိုင်အောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ G-Fatt တစ်ယောက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။  

Photo Credit - G-Fatt’s Facebook Myday
Photo Credit - G-Fatt’s Facebook Myday
Photo Credit - G-Fatt’s Facebook Myday

သူ့ရဲ့ Facebook Myday တွင်လည်း ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Girl Band တစ်ခုဖြစ်တဲ့ Black Pink အဖွဲ့ရဲ့ Live Awesome ပွဲကို ပန်းရောင်ခြယ်၊ပန်းသွန်းခြယ်တို့နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တဲ့ ဗီဒီယိုေလး တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - G-Fatt’s Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။