ပရိသတ်ကြီးရေ.. မေမီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး မေမီကိုကိုကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေသူလေးပဲ ဖြစ်ပါတယ်..။

ဟန်ဆောင်မှုကင်းတဲ့ စကားပြောဟန်ပန်လေးတွေနဲ့ ပီပြင်တဲ့သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အားလုံးက အချစ်ပိုနေရပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးဆိုလည်း မမှားပါဘူး..။


Photo Credit - May Mi Ko Ko’s Facebook
Photo Credit - May Mi Ko Ko’s Facebook

ပရိသတ်တွေရဲ့အချစ်တော်လေးမေမီကတော့ လတ်တလောမှာလည်း ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသလို ဇာတ်ကားထဲကလို အပြင်မှာလည်း Ro ချင်ပေမယ့် သူမဟာ အတည်ချစ်တတ်တဲ့သူမို့ အချစ်ရေးကံမကောင်းဘူးဆိုပြီး သူမရဲ့အချစ်ရေးလေးအကြောင်း ပြောပြလာပါတယ်..။

“သေချာတာတစ်ခုက အပြင်လုံးဝအချစ်ရေးကံမကောင်းဘူး မေမီက အတည်ချစ်တတ်တဲ့သူမျိုး ပြီးတော့ သစ္စာရှိတယ် အပျော်ရည်းစားမထားချင်ဘူး ဒါပေမယ့် ကိုယ်ကြုံတဲ့ အခုခေတ်တော်တော်များများက အတည်ဆိုရင် အရမ်းစဉ်းစားတယ် ချုပ်နှောင်မှုကို မကြိုက်ကြဘူးပေါ့နော် ချုပ်နှောင်တာတော့ မဟုတ်ဘူးပေါ့နော် ဒါအယူအဆမှားနေတာပေါ့နော် ကိုယ်တွေကျတော့ အချစ်မှာ အပျော်တွဲတဲ့လူတွေနဲ့ ကိုယ်က ဘယ်လိုမှအဆင်မပြေဘူးပေါ့နော် Type ချင်းမတူတာ များပါတယ် ..” ဆိုပြီး သူမရဲ့အချစ်ရေးလေးကို ပွင့်ပွင့်လင်းလင်းလေး ပြောပြထားတာပါ..။

Photo Credit - May Mi Ko Ko’s Facebook
Photo Credit - May Mi Ko Ko’s Facebook

မေမီကတော့ လက်ရှိမှာ ချစ်တဲ့လူလည်းမတွေ့သေးသလို တွေ့ဖို့လည်း မရှိလောက်သေးဘူး ထင်ပါတယ် ဇာတ်ကားတွေဆက်တိုက်ရိုက်နေပြီး အလုပ်တွေများနေတာမို့ စိတ်ဝင်စားမယ် ဆိုရင်တောင် စိတ်ကူးမယဉ်နိုင်သေးပါဘူး ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်..။

လောလောဆယ်တော့ အချစ်ရေးမှာ Single ပါ FA မဖြစ်အောင်တော့ လုပ်ရမှာပေါ့နော် ဆိုပြီး အချစ်ရေးလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြထားတဲ့ မေမီလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - May Mi Ko Ko’s Facebook
Photo Credit - May Mi Ko Ko’s Facebook

Photo Credit - May Mi Ko Ko’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။