မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ကလေးဘဝအရွယ်ကတည်းက ပရိသတ်တွေရဲ့အချစ်ကို ရရှိလာခဲ့တာ ယနေ့အချိန်အထိပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးက အရင်ကထက်တောင် ပိုလှလာတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ယွန်းဝတီလွင်မိုးကိုသာမက သူမရဲ့သားလေးကိုပါ အချစ်တွေပေးပြီး သားအမိနှစ်ယောက်လုံးကို အားပေးနေတာ ဖြစ်ပါတယ်။

Photo Credit-Yun Waddy Lwin Moe's FB
Photo Credit-Yun Waddy Lwin Moe's FB
Photo Credit-Yun Waddy Lwin Moe's FB

သြစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားနေတဲ့ ယွန်းဝတီလွင်မိုးက မကြာသေးခင်ကမှ မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ယွန်းဝတီလွင်မိုးက သူမရဲ့မိခင်မေသူနဲ့အတူ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်တို့ညီအစ်မတွေပေါင်းပြီး ဖွင့်လှစ်ထားတဲ့ ပိုးထည်ဆိုင်လေးကို သွားရောက်ခဲ့ကြပါတယ်။ ယွန်းဝတီလွင်မိုးတို့သားအမိက မင်းသမီးပိုးထည်တိုက်လေးမှာ အထည်တွေဝယ်ယူပြီးအားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Soe Kyi Phyu's FB
Photo Credit-Soe Kyi Phyu's FB
Photo Credit-Soe Kyi Phyu's FB

အထည်တွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနေကြတဲ့ ယွန်းဝတီလွင်မိုးတို့သားအမိရဲ့ပုံလေးတွေကိုတော့ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ရဲ့မိခင်က " ကိုယ်မလို့ ဆိုင်ထိုင်ရင် ချစ်သူတွေရောက် ရောက်လာကြတယ်ကွယ် စန်းဆိုတာက ကိုယ့်ရဲ့အားနည်းချက်ပါ" ဆိုပြီး မျှဝေပေးထားတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးညီအစ်မတွေရဲ့ဆိုင်လေးကိုသွားရောက်ပြီး အထည်တွေအားပေးခဲ့တဲ့ ယွန်းဝတီလွင်မိုးတို့သားအမိရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Soe Kyi Phyu's FB & Yun Waddy Lwin Moe's FB 

Photo Credit-Soe Kyi Phyu's FB
Photo Credit-Soe Kyi Phyu's FB
Photo Credit-Soe Kyi Phyu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။