မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် လူငယ်တွေကြားမှာပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုအဓိကထားပြီး မိန်းမနှစ်ယောက်ရဲ့မတူညီတဲ့ချစ်ခြင်းတွေကြားမှာ ဗျာများနေရတဲ့ကောင်လေးတစ်ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြီးကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ရွှေမှုံရတီက "မယ်ယွန်းဘုံ"ဆိုတဲ့အရမ်းလှပြီးမာနကြီးတဲ့မိန်းကလေးတစ်ယောက်နေရာကနေသရုပ်ဆောင်ထားပြီး ခင်ဝင့်ဝါကတော့"ကသစ်နီ"ဆိုတဲ့ရိုးရိုးအေးအေးဇာတ်ကောင်လေးကနေသရုပ်ဆောင်ထားတာဖြစ်ပါတယ်။အကယ်ဒမီမြင့်မြတ်ကတော့"ထစ်ချုန်း"ဆိုတဲ့ဇာတ်ကောင်အတိုင်း မျက်လုံးအကြည့်တွေ၊အပြောအဆိုတွေကအစ ထိမိပိုင်နိုင်အောင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး

မယ်ယွန်းဘုံ၊ထစ်ချုန်းနဲ့ကသစ်နီတို့သုံးယောက်ကြားက အချစ်ဇာတ်လမ်းလေးဟာဆိုရင် သုံးယောက်လုံးရဲ့အချစ်တွေကမတူညီတာဖြစ်လို့ ဇာတ်လမ်း စ၊လယ်၊ဆုံးကို ရင်နဲ့ခံစားပြီးကြည့်ရှု့ရမှာပါနော်။ "ကိုယ်လက်ထပ်ရမယ့်ယောကျ်ားတစ်ယောက်က တစ်ခြားမိန်းမနဲ့တွဲနေတာကို ကြည်ဖြူတယ်ဆိုတော့ ရှင်ကဘယ်လိုမိန်းမမျိုးလဲ"ဆိုတဲ့ ကသစ်နီရဲ့အမေးကို မယ်ယွန်းဘုံကတော့"ကျွန်မကသူ့ကိုအရမ်းချစ်တာ သူဖြစ်ချင်တဲ့ဆန္ဒမှန်သမျှ မျက်လုံးစုံမှိတ်ပြီးလိုက်လျောပေးတယ်"ဆိုပြီး ပြန်ဖြေလိုက်တဲ့စကားလုံးတွေက လူတစ်ယောက်ကိုပေးဆပ်ချစ်နဲ့ချစ်တယ်ဆိုတာအရမ်းပေါ်လွင်ပါတယ်နော်။

Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး

ထစ်ချုန်းက မယ်ယွန်းဘုံကို"မင်းက ငါ့အချစ်ကိုလိုချင်တာလား ဆုတောင်းလေ"ဆိုတဲ့ ရင့်ရင့်သီးသီးပြောစကားလေးကို အရမ်းချစ်တတ်တဲ့သူကနားထောင်လိုက်ရတဲ့အခါ ရင်ထဲမှာ အပူမီးတွေနဲ့လောင်မြိုက်သွားသလိုခံစားသွားရမှာပါနော်။နောက်ဆုံးမှာတော့ ထစ်ချုန်းတစ်ယောက်က မယ်ယွန်းဘုံနဲ့ကသစ်နီတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးချယ်သွားပြီး ဘယ်လိုအချစ်မျိုးနဲ့ချစ်သွားမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာသွားရောက်ကြည့်ရှု့ပြီး အချစ်တွေကိုရင်ဘတ်ကြီးနဲ့သွားရောက်ခံစားကြလိုက်ပါနော်။

Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး

Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး

(Commercial Article)

Video Credit:Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။