အနုပညာလောကမှာ ပရိသတ်အချစ်တွေနဲ့ လျှောက်လှမ်းနေသူလေးကတော့ မင်းသမီးချောလေးစန္ဒီမြင့်လွင်ပါ။ သူမဟာ သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုဘက်မှာပါ နာမည်ကြီးလူကြိုက်များသူတစ်ယောက်ပါ။

ဒီးဒီဟာ ယခုအချိန်မှာ အနုပညာအလုပ်တွေသိပ်မလုပ်တော့ပင်မယ့် ပရိသတ်တွေကတော့ချစ်ခင်နေကြဆဲပါ။

Photo Credit-Sandi Myint Lwin’s Facebook
Photo Credit-Sandi Myint Lwin’s Facebook
Photo Credit-Sandi Myint Lwin’s Facebook

Treasure လေးကိုတော့ နှစ်ဘက်ဖိုးဖိုး၊ဖွားဖွားတွေသာမကပဲ တီတီတွေအားလုံးရဲ့အသည်းကျော်လေးဖြစ်နေတာပါ။ ဒါ့အပြင် ဖခင်ဖြစ်သူကတော့ လက်ကမချနိုင်လောက်ကိုအသည်းတွေပိုနေတာပါ။ မေမေဒီးဒီကလည်း ပရိသတ်တွေက သမီးလေးရဲ့နှုတ်ခမ်းဖူးဖူးလေးတွေက သူမနဲ့တူတယ်လို့မှတ်ချက်ပေးတာတွေကြောင့် ကြည်နူးနေတာပါ။

Photo Credit-Sandi Myint Lwin’s Facebook
Photo Credit-Sandi Myint Lwin’s Facebook
Photo Credit-Sandi Myint Lwin’s Facebook

အခုမှာလည်း သမီးလေးဟာ ဖေဖေ၊မေမေတို့နဲ့အတူ ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးသွားရောက်နေတာလည်း ဖြစ်ပါတယ်။ ဒီးဒီရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ခရီးသွားပုံရိပ်လေးတွေ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ငွေဆောင်ကမ်းခြေမှာ မေမေနဲ့အတူ ဆင်တူအင်္ကျီ လေးဝတ်ကာ အပြတ်လန်းနေတဲ့ Treasure လေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Sandi Myint Lwin’s Facebook 

Photo Credit-Sandi Myint Lwin’s Facebook
Photo Credit-Sandi Myint Lwin’s Facebook
Photo Credit-Sandi Myint Lwin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။