MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ၏ ပွဲစဉ် ၁ ပွဲ အဖြစ် YUSC ကွင်း၌ ရခိုင် ယူနိုက်တက် အသင်းနှင့် ချင်းလန်း အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းက ချင်းလန်း အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ထိုပွဲစဉ်၌ ရခိုင်ယူနိုက်တက်အသင်းအတွက် ဂိုးများကိုတော့ ပထမပိုင်းမှာ ပွဲချိန် ၁၃ မိနစ်တွင် ဇင်ကိုအောင်က အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။နောက်ထပ်ဂိုးများကို ၁၄ မိနစ်တွင် ကျော်ဇင်ဝင်း နှင့် ၃၂ မိနစ်တွင် ဝင်းသန့်မောင်တို့ က သွင်းယူပေးခဲ့ပါတယ်။ချင်းလန်း အသင်းအတွက် ချေပဂိုးကို ၂၁ မိနစ်တွင် မင်းခန့်ကျော် မှ သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ရခိုင်ယူနိုက်တက်အသင်းကတော့ ယခုပွဲစဉ်မှာလည်း ရမှတ် ၃ မှတ်ကိုအပြည့်အဝ ရယူခဲ့ပြီး ချင်းလန်းအသင်းကတော့ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပေမယ်လည်း ရခိုင်ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ရပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ရခိုင်ယူနိုက်တက်အသင်း နှင့် ချင်းလန်းအသင်းတို့ရဲ့ပွဲရလဒ်တွေကို ပြန်လည်တက်ပြလိုက်ပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။