ပရိသတ်ကြီးရေ.. နိုင်ငံပေါင်း(၉၀)ကျော်က အိမ်ထောင်ရှင်အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ Mrs. Universe 2019 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် ဖြစ်တဲ့ ဟန်နီက Winner ဆုကြီးကို ရယူနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေအားလုံး ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်နော်..။

နိုင်ငံပေါင်း(၉၀)ကျော်က အိမ်ထောင်ရှင်အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်တဲ့ (၄၂)ကြိမ်မြောက် အိမ်ထောင်ရှင်အလှမယ် Mrs Universe 2019 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဟန်နီက Winner ဆုကို ဆွတ်ခူးရရှိခဲ့တာပါ..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

မြန်မာနိုင်ငံအတွက် ပထမဆုံး Mrs. Universe 2019 Award ရယူပေးခဲ့တဲ့ ဟန်နီအတွက် ပရိသတ်တွေက ဂုဏ်ယူဝမ်းသာမဆုံးဖြစ်ကြရသလို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကလည်း ဂုဏ်ပြုအခမ်းအနားလေးပြုလုပ်ကာ ဂုဏ်ပြုပေးခဲ့ပါတယ်နော်..။

ကမ္ဘာ့ အခမ်းနားဆုံး Mrs Universe 2019(Winner) ဆုရှင်ဖြစ်တဲ့ အိမ်ထောင်ရှင်အလှမယ်ဟန်နီအတွက် ရန်ကုန်မြို့တော်ဝန်ရဲ့ ဂုဏ်ပြုအခမ်းအနားပွဲကို ဇန်နဝါရီ(၁၅)ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ ကျင်ပပြုလုပ်ခဲံတာဖြစ်ပြီး တာဝန်ရှိတွေအပြင် အနုပညာရှင်များလည်း တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အသက်(၃၇)နှစ်ရှိပြီး သားသမီး(၃)ယောက်ရဲ့ မေမေဖြစ်တဲ့ အလှမယ်ဟန်နီကတော့ ပြိုင်ပွဲရဲ့အမြင့်ဆုံး Mrs Universe 2019 Winner ဆုကို ဆွတ်ခူးခဲ့တဲ့အပြင် Personality အကောင်းဆုံးဆု၊ မြန်မာ့ရိုးရာရုပ်သေးအကနဲ့ Talent Winner ဆု တို့ကိုဆွတ်ခူးနိုင်ခဲ့ပြီး Sponsor Visit က ချီးမြှင့်တဲ့ Four Seansons Beautiful Woman ဆုများကိုပါ ဆွတ်ခူးခဲ့သူပဲ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ နိုင်ငံ့ဂုဏ်ဆောင် အိမ်ထောင်ရှင်အလှမယ် ဟန်နီအတွက် ဂုဏ်ပြုပေးခဲ့ကြတဲ့ အခမ်းအနားပွဲပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်တာမို့ အလှမယ်ဟန်နီအတွက် ဂုဏ်ပြုစကားလေး ပြောပေးသွားဖို့ မမေ့ပါနဲ့နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။