ပန်းပုရုပ်လေးလိုလှပချောမောတဲ့မျက်နှာလေးနဲ့ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလေးကတော့ Mrtv-4ရဲ့တက်သစ်စမင်းသမီးလေးမေမြင့်မိုရ်ပါ။သူမဟာ ဇာတ်လမ်းတွဲများဖြင့်အောင်မြင်ကျော်ကြားလာခဲ့ပြီးယခုဆိုရင်ရုပ်ရှင်ကားကြီးများကိုပါလက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်။မေမြင့်မိုရ်ဟာ တက်သစ်စမင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်များနဲ့အညီအပီအပြင်သရုပ်ဆောင်နေသူတစ်ယောက်ဆိုလည်းမမှားပါဘူး။


Photo Credit-May Myint Mo's Facebook
Photo Credit-May Myint Mo's Facebook

မေမြင့်မိုရ်ဟာယခုလတ်တလောတွင်ဇာတ်ကားရိုက်ကူးရန်အတွက်ရှမ်းပြည်ကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကိုsocial networkတွင်တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့facebookစာမျက်နှာတွင် မြင်းစီးထွက်ကြရအောင်နော် ယူဆိုတဲ့captionလေးနဲ့ မြင်းစီးနေတဲ့ပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။ မေမြင့်မိုရ်ဟာ မျက်မှန်လေးကိုတပ်ဆင်ထားပြီးသဘာဝကျကျလှလှပပလေးနဲ့မြင်းစီးနေတာပဲဖြစ်ပါတယ်။


Photo Credit-May Myint Mo's Facebook
Photo Credit-May Myint Mo's Facebook

မေမြင့်မိုရ်ပါဝင်သရုပ်ဆောင်ထားတဲ့ ကြောက်ကြောက်ကြောက်၂ ရုပ်ရှင်ကားကြီးဟာလည်း ၄ပတ်မြောက်ဆက်တိုက်ရုံတင်နေရတုန်းဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးရောဒီရုပ်ရှင်ကားကြီးကို သွားရောက်အားပေးပြီးကြပြီမလား။ ရွှေမင်းသမီးလေးတစ်ယောက်လို လှပချောမောနေတဲ့မေမြင့်မိုရ်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Myint Mo's Facebook
Photo Credit-May Myint Mo's Facebook

Source-May Myint Mo's Facebook

Photo Credit-May Myint Mo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။